အမေရိကန်နှင့် အီရန်ကြား ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်သဘောတူညီချက်ရရှိစေမည့် လမ်းပြမြေပုံတစ်ခုကို သဘောတူ

အမေရိကန်နှင့် အီရန်ကြား ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်သဘောတူညီချက်ရရှိစေမည့် လမ်းပြမြေပုံတစ်ခုကို သဘောတူ
Published 23 June 2026
Ref: BBC/ Reuters

အမေရိကန်နှင့် အီရန်ကြား ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်သဘောတူညီချက်ရရှိစေမည့် လမ်းပြမြေပုံတစ်ခုကို သဘောတူခဲ့ကြကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့က ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် အီရန်တို့ကြား စစ်ပွဲကို အဆုံးသတ်ရန် နောက်ဆုံးသဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် ပထမအကျော့ ဆွေးနွေးပွဲများသည် တိုးတက်မှုများဖြင့် ပြီးဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အီရန်နိုင်ငံအနေဖြင့် နောင်အနာဂတ်ကာလအထိ နျူကလီးယားစစ်ဆေးမှုများ ခံယူရန် သဘောတူညီခဲ့ကြောင်း ဇွန် ၂၃ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သော်လည်း အီရန်ဘက်ကမူ အတည်ပြုခဲ့ခြင်းမရှိပေ။

"အီရန်ဟာ နောင်အနာဂတ်ကာလအထိ အမြင့်ဆုံးအဆင့် နျူကလီးယားစစ်ဆေးမှုတွေကို ခံယူဖို့ အပြည့်အဝ သဘောတူညီခဲ့ပြီးဖြစ်ပါတယ်" ဟု ထရန့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

ထိုသဘောတူညီချက်အရ အီရန်အနေဖြင့် နျူကလီးယားနှင့်ပတ်သက်ပြီး ရိုးသားမှုရှိစေလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် အီရန်ဘက်က ထိုအချက်ကိုသဘောမတူပါက နောက်ထပ်ဆွေးနွေးမှုများရှိလာလိမ့်မည်မဟုတ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

Most Read

Most Recent