■ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာဖြစ်ခဲ့ပြီး ပျောက်ကင်းသွားပြီဟု ဆို

■ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာဖြစ်ခဲ့ပြီး ပျောက်ကင်းသွားပြီဟု ဆို
Published 25 April 2026

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ၎င်း၏ နှစ်စဉ်ဆေးစစ်ချက်ကို ထုတ်ပြန်ပြီးနောက် ဆီးကျိတ်ကင်ဆာ အစောပိုင်းအဆင့်ကို ကုသခဲ့ရကြောင်းနှင့် ပျောက်ကင်းသွားပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်လာသည်။

အသက် ၇၆ နှစ်အရွယ်ရှိ နေတန်ယာဟုက ဧပြီ ၂၄ ရက်တွင် X လူမှုကွန်ရက်မှတစ်ဆင့် အသိပေးလိုက်ခြင်းဖြစ်ပြီး ကင်ဆာမဟုတ်သည့် ဆီးကျိတ်အသားပိုကို အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ပြီးနောက် ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးစဉ် အစောပိုင်းအဆင့်ရှိ ကင်ဆာကျိတ်တစ်ခုကို ထပ်မံတွေ့ခဲ့ရကြောင်း သိရသည်။ ယခု ဆေးကုသမှုများ ခံယူပြီးပြီဖြစ်၍ လုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

၂၀၂၄ ခုနှစ်က ဆီးကျိတ်အသားပို ပထမအကြိမ် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ် ဆေးစစ်မှုတွင် တစ်စင်တီမီတာအောက်ရှိ ကင်ဆာအစက်ငယ်တစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နေတန်ယာဟုက ၎င်း၏ ကျန်းမာရေးစစ်ဆေးချက်ကို ထုတ်ပြန်ရန် အချိန်အနည်းငယ် ဆွဲထားခဲ့ကာ အစ္စရေးနှင့် အီရန်တို့ စစ်မီးတောက်နေချိန် အီရန်ဘက်မှ ဝါဒဖြန့်မှုများ ပိုမိုလုပ်ဆောင်လာမည်ကို တားဆီးရန် ရည်ရွယ်သည်ဟု သိရသည်။ လူမှုကွန်ရက်ပို့စ်တွင် “ကျွန်တော့်ရဲ့ ဆီးကျိတ်မှာ ပြဿနာရှိခဲ့ပေမဲ့ အခုတော့ အားလုံးကို အောင်အောင်မြင်မြင် ကုသနိုင်ခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ဒီကိစ္စက ပြီးဆုံးသွားပါပြီ” ဟု နေတန်ရာဟုက ရေးသားထားသည်။

အမေရိကန်ပြည်ထောင်စုက အီရန်နှင့် ရေရှည်ငြိမ်းချမ်းရေးရရှိရန် ကြားဝင်စေ့စပ်မှုများ လုပ်ဆောင်နေချိန် နေတန်ယာဟုက လာမည့်သီတင်းပတ်များအတွင်း အိမ်ဖြူတော်သို့ သွားရန် စီစဉ်ထားသည်။ 

Ref: BBC

 

Most Read

Most Recent