အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၅၅ ဦးအထိရှိလာပြီး ပျောက်နေသူ ၃၀ ကျော်ရှိသည်ဟု ဖိလစ်ပိုင် ပြောကြား

အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၅၅ ဦးအထိရှိလာပြီး ပျောက်နေသူ ၃၀ ကျော်ရှိသည်ဟု ဖိလစ်ပိုင် ပြောကြား
Published 12 June 2026

အင်အားကြီးမြေငလျင်ကြောင့်သေဆုံး သူစုစုပေါင်း ၅၅ ဦးရှိလာချိန်တွင် ဇွန် ၁၂ ရက်တွင်  ကယ်ဆယ်ရေးသမားများက မိုးထဲ လေထဲ၊ နောက်ဆက်တွဲမြေလျင်များလှုပ်နေချိန်တွင် ဖိလစ်ပိုင်တောင်ပိုင်း၌ ပျောက်ဆုံးနေသူများကို ရှာဖွေနေပြီး လမ်းများကို ရှင်းလင်းနေသည်ဟု သိရသည်။

ဇွန် ၈ ရက်တွင် ဖိလစ်ပိုင်တောင်ပိုင်း၌ မဂ္ဂနီကျု ၇ ဒမသ ၈ ရှိ မြေငလျင်လှုပ်သွားခဲ့သောကြောင့် ငလျင်သက်ရောက်ခဲ့သည့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူများ ကုန်းမြေအမြင့်ပိုင်းများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဖိလစ်ပိုင်တာဝန်ရှိသူများက တိုက်တွန်းခဲ့ရသည်။ ထို့အပြင် ဒေသတစ်ခွင် ဆူနာမီလှိုင်းသတိပေးချက်များကိုလည်း ထုတ်ပြန်ခဲ့သည်။

မြေငလျင်ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်းကျွန်း၌ အဆောက်အအုံများ ပြိုကျခဲ့ပြီး မြေပြိုမှုများဖြစ်ပွားခဲ့သည်။

ဇွန် ၁၂ ရက် အစိုးရထုတ်ပြန်ချက်အရ နောက်ထပ်ရှစ်ဦး သေဆုံးကြောင်းဖော်ပြခဲ့ပြီး ပျောက်နေသူအရေအတွက်သည် ၃၁ ဦး ရှိသည်ဟု ဆိုသည်။

အပြင်းထန်ဆုံး ထိခိုက်ခဲ့သည့် ဆာရန် ဂါနီပြည်နယ်တွင် ပြည်နယ်အဆင့် ဘေးန္တရာယ်အကြီးအကဲ ရီနီပွန်ဇာလန်က AFP ကို ပြောကြားရာတွင် ပိတ်ဆို့နေသော လမ်းအများအပြားကို ရှင်းလင်းခဲ့သည်ဟု ဆို သည်။ လျှပ်စစ်ဓာတ်အားမရဖြစ်နေသည့် အဆက်အသွယ်ပြတ်နေသော နယ်ခံများကို အစားအစာများနှင့်ရေတို့ပေးရန် ရဟတ်ယာဉ်များကို အသုံးပြုနေရဆဲဖြစ်သည်ဟု ဆိုသည်။

“နောက်ဆက်တွဲငလျင်တွေက ကျွန် တော်တို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းကို နှေးကွေးစေပါတယ်။ ဒါ့အပြင် မနေ့ညက မိုး လည်းရွာပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေး လုပ်တာကို ခဏရပ်ထားရပါတယ်”ဟုသူက ပြောကြားခဲ့သည်။ ကျောက်တုံးကြီးများကို ဖယ်ရှားရန် မြေတူးစက်များကို အသုံးပြုနေရသည်ဟု ဆိုသည်။

ပျောက်နေသူများကို ဆက်လက်ရှာဖွေ နေသည်ဆိုသော်လည်း အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့ရန် မျှော်လင့်ချက် နည်းနည်းသာရှိသည်ဟု ပွန်ဇာလန်က ပြောကြား သည်။

”ငလျင်လှုပ်ပြီးတဲ့နောက် ရက်တွေ ကုန်သွားပါပြီ။ ဒါကြောင့် တစ်ယောက် ယောက်ကို အသက်ရှင်လျက်တွေ့ရမယ်ဆို ရင်တော့ အဲဒါဟာ အ့ံဖွယ်ဖြစ်ရပ်ဖြစ်လာပါ လိမ့်မယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က တော့ ပျောက်နေသူတွေရဲ့အလောင်းတွေကို ပြန်လည်ရရှိဖို့ဖြစ်ပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က အဆိုးရွားဆုံးထိခိုက်ခဲ့သည့် ဂျင်နရယ်ဆန်း တို့စ်မြို့ကို ဇွန် ၁၀ ရက်တွင် လာရောက်ကြည့် ရှုခဲ့သည်။ ထိုမြို့သည် မြေငလျင်ဒဏ်အဆိုး ဆုံးခံရသော ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး စာသင်ကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့ ပြီး စားနပ်ရိက္ခာအကူအညီတို့ ဖြန့်ဝေပေး သည့်နေရာလည်း ပျက်စီးသွားခဲ့သည်။

မြို့တော်ခန်းမ ပြန်လည်တည်ဆောက် ရေးအတွက် အစိုးရက ပီဆိုသန်း ၁၀၀(အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) ချပေးမည် ဟု သမ္မတက ပြောကြားခဲ့သည်။

ပထမ မြေငလျင်လှုပ်ခဲ့ပြီးနောက် နှစ် နာရီခန့် အကြာတွင် ပြင်းအား  ၆ ဒသမ ၁ ရှိသော မြေငလျင်သည် အဆိုပါ ဧရိယာတွင် လှုပ်သွားခဲ့သည်။ပထမဆုံးမြေ ငလျင်လှုပ် ခဲ့ပြီးနောက် နှစ်နာရီခန့်အတွင်း အင်အား ကောင်းသောနောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခဲ့ရာ အင်အား ၆ ဒသမ ၅ ရှိ ငလျင်ပါဝင်ခဲ့သည်။

Ref: AFP

Most Read

Most Recent