အာဂျင်တီးနားသမ္မတက ဘရာဇီးသမ္မတကို “သူခိုး” ဟု ရည်ညွှန်းပြီးနောက် ဘရာဇီးက ၎င်းတို့သံအမတ်ကို ပြန်ခေါ်ယူ

အာဂျင်တီးနားသမ္မတက ဘရာဇီးသမ္မတကို “သူခိုး” ဟု ရည်ညွှန်းပြီးနောက် ဘရာဇီးက ၎င်းတို့သံအမတ်ကို ပြန်ခေါ်ယူ
Published 27 July 2026
Ref:BBC

ဘရာဇီးသမ္မတ လူလာဒါဆီဗာကို အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေးက စော်ကားပြောခဲ့သည်ဟုဆိုကာ အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကို ဘရာဇီးဘက်က ပြန်လည်ခေါ်ယူလိုက်သည်။

သမ္မတမီလေးသည် ဘရာဇီးခရီးစဉ်အတွင်း ဆော်ပိုလို၌ ကျင်းပသည့် ဖလာဗီယိုဘော်ဆိုနာရို၏ မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောခဲ့ရာ လူလာ၏အမည်ကို တိုက်ရိုက်မပြောခဲ့သော်လည်း “သူခိုး” နှင့် “ပြစ်ဒဏ်ကျဖူးသူ” ဟု ရည်ညွှန်းပြောခဲ့သည်။ လူလာသည် အဂတိလိုက်စားမှုများဖြင့် ထောင်ကျခဲ့ဖူးသည်။

ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ဆော်ပိုလို မဲဆွယ်ပွဲတွင် မီလေးက ဖလာဗီယို ဘော်ဆိုနာရိုနှင့်အတူ ရပ်တည်ကာ လူလာကို တားဆီးနိုင်မည့် တစ်ဦးတည်းသောသူက ဖလာဗီယိုဟု ပြောကြားခဲ့သည်။

မီလေးသည် ဘရာဇီးသမ္မတဟောင်း ဂျဲယာ ဘော်ဆိုနာရို၏ နိုင်ငံရေးမဟာမိတ်တစ်ဦးဖြစ်ပြီး ဖလာဗီယိုက ဂျဲယာ ဘော်ဆိုနာရို၏ သားဖြစ်သည်။

မီလေး၏ ပြောဆိုမှု​အပေါ် ဘရာဇီးသံတမန်များက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပြီး ဇူလိုင် ၂၆ ရက်က ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ဘရာဇီးသမ္မတ လူလာက “ကိုယ့်ကိစ္စမဟုတ်တဲ့ အရာတွေမှာ ဘယ်သူ့စွက်ဖက်မှုကိုမှ ဘရာဇီးက လက်မခံဘူး” ဟု ပြောကြားခဲ့သည်။ ယခုဖြစ်ရပ်ကြောင့် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ အနိမ့်ဆုံးအခြေအနေထိ ရောက်လာခဲ့သည်။

Photo: Reuters

Most Read

Most Recent