တရုတ်သမ္မတ ရှီကျင်းပင် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်သို့ သွားရောက်မည်

တရုတ်သမ္မတ ရှီကျင်းပင် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်သို့ သွားရောက်မည်
Published 24 July 2026

တရုတ်သမ္မတ ရှီကျင်းပင် စက်တင်ဘာ ၂၄ ရက်တွင် အမေရိကန်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားလိုက်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် AI နည်းပညာကို အဓိကထား ဆွေး​နွေးဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

ထရန့်က အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီတွင် AI ဒေတာစင်တာများ တိုးချဲ့တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြောကြားစဉ် ထိုသတင်းကို ​ကြေညာခဲ့ခြင်းဖြစ်သည်။

သမ္မတရှီ စက်တင်ဘာ ၂၄ ရက်မှာ အမေရိကန်ကို လာရောက်မှာပါ။ ကျွန်တော် ပေကျင်းကို ရောက်ခဲ့တုန်းကလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ထပ်မံဆွေးနွေးသွားမှာပါ ဟု ထရန့်ကပြောသည်။

AI နည်းပညာက လူသားများ မြင်ဖူးသမျှထဲ အကြီးဆုံး နည်းပညာတစ်ခု ဖြစ်လာနိုင်သည်ဟု ထရန့်ကဆိုပြီး AI ဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ဆိုင်မှုတွင် အမေရိကန်က တရုတ်ထက် ဦးဆောင်နိုင်ရန် အရေးကြီးကြောင်းလည်း ထရန့်ကပြောကြားခဲ့သည်။ “ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့နိုင်ငံက နောက်ဆုံးမှာ အားလုံးကို ဦးဆောင်နိုင်မယ့် နိုင်ငံဖြစ်လာနိုင်တယ် ဟု ဒေါ်နယ်ထရန့်က ဆိုသည်။

ဇူလိုင် ၂၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ အရင်တွေ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးထားသည်။

Ref: Fox News

Photo:AP

Most Read

Most Recent