ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း၌ သည်းထန်သောမုတ်သုံမိုးများရွာသဖြင့် ရေကြီးခဲ့ရာ ကျေးရွာများ ရေနစ်မြုပ်ခဲ့၍ ဇူလိုင် ၂၇ ရက်တွင် ဒေသခံများသည် လှေများဖြင့် မိမိတို့၏ နေအိမ်များမှသည် ရေပြင်ကြီးအဖြစ် ပြောင်းလဲသွားသော လယ်ကွင်းများသို့ ထွက်ပြေးခဲ့ကြသည်။
စေတနာ့ဝန်ထမ်းများက စင်းလုံးငှားမော်တော်ငယ်များဖြင့် ဒေသခံများကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနေသည်ကို AFP သတင်းထောက်များက တွေ့ခဲ့သည်။ သို့သော်လည်း ပါကစ္စတန်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်ပန်ဂျပ်ရှိ မူရစ်ကီခရိုင်၌ နောက်ထပ်ဒေသခံအများအပြား သောင်တင်နေဆဲဖြစ်သည်။
"လေးရက်ရှိသွားပါပြီ။ ဘယ်ကယ် ဆယ်ရေးအဖွဲ့မှ ကျွန်မတို့ဆီကို ရောက်မလာပါဘူး"ဟု ၃၂ နှစ်အရွယ် အာရာဆယ်မန်က ပြောသည်။
"ကျွန်မတို့ဆီမှာလျှပ်စစ်မီးမရှိပါဘူး။ သန့်ရှင်းတဲ့ရေလည်းမရှိပါဘူး။ အခုဆိုရင် ကျွန်မတို့ဟာ၏ စားနပ်ရိက္ခာလုံးဝ ကုန်သွားပါပြီ။ ကျွန်မတို့ကို တက်လာတဲ့ရေတွေက အဖက်ဖက်ကနေဝိုင်းနေပါတယ်"ဟု သူကပြောသည်။
ရေနစ်ခြင်းနှင့် နေအိမ်ပြိုကျခြင်းတို့အပါအဝင် ကြီးရေကြီးမှုများနှင့် ဆက်စပ်၍ ဖြစ်ပွားသည့်မတော်တဆမှုများကြောင့် ပါကစ္စတန်သည် ဇွန် ၂၆ ရက်ကတည်းက ၁၀၉ ဦး သေဆုံးထားသည်ဟု အစိုးရဘေးအန္တရာယ်အေဂျင်စီကိန်းဂဏန်းများအရ သိရသည်။ သေဆုံးသူသုံးပုံတစ်ပုံဝန်းကျင်မှာ ပန်ဂျပ်မှ ဖြစ်သည်။
စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများက ၎င်းတို့သည် နယ်ခံများကို ကယ်ဆယ်ရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်ကို စတင်ခဲ့ကြပြီး ကျေးရွာတစ်ဒါဇင်ခန့်ရှိ နယ်ခံတို့၏ ပိုင်ဆိုင်ပစ္စည်းများ ပြန်ရအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
ရေကြီးခြင်းကြောင့် သောင်တင်နေသူများကို ကယ်ဆယ်ရေးလှေလေးစင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်များကို တက်ကြွစွာဆောင်ရွက်ပေးနေသည်ဟု စေတနာ့ဝန်ထမ်းကယ်ဆေးသမားတစ်ဦးဖြစ်သည့် ဟာရစ်ဒါးက ပြောကြားသည်။Photo- AFP















