မွန်ပြည်နယ်လွှတ်တော်မှ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်း

မွန်ပြည်နယ်လွှတ်တော်မှ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်း
Published 12 June 2026

ယနေ့ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် မွန်ပြည်နယ်လွှတ်တော်မှ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာ သုံးသပ်ရေးကော်မတီဖွဲ့စည်းခဲ့သည်။

ထိုကော်မတီတွင် ဥက္ကဌအဖြစ် ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင် က ဥက္ကဌအဖြစ်လည်းကောင်း၊ ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော် က အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ကော်မတီဝင်များအဖြစ် ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီ၊ သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူ၊ သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်ရွှေလူး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးညီဗိုလ်ဗိုလ်စိုး နှင့် တရားလွှတ်တော်ရှေ့နေ ဦးဖေမြင့် တို့ပါဝင်ကြကြောင်း သိရသည်။

လက်ရှိ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊  ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ နှင့် ယခု တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

 ဘိုဘိုမြင့်

Most Read

Most Recent