ဖေဖော်ဝါရီလနှောင်းပိုင်းမှစကာ မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များ၏ ပျှမ်းမျှစျေးနှုန်း ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု WFP ထုတ်ပြန်

ဖေဖော်ဝါရီလနှောင်းပိုင်းမှစကာ မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များ၏ ပျှမ်းမျှစျေးနှုန်း ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု WFP ထုတ်ပြန်
Published 23 April 2026

ဖေဖော်ဝါရီလနှောင်းပိုင်းမှစကာ မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်များ၏ ပျှမ်းမျှစျေးနှုန်း ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထုတ်ပြန်သည်။

“အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုဆိုးလာတာကြောင့် လောင်စာဆီစျေးနှုန်းတွေနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းမှာလည်း စားသောက်ကုန်စျေးနှုန်းတွေလည်း လိုက်တက်နေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ပျှမ်းမျှစျေးနှုန်းဟာ ၁၉ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် ဆန်၊ စားအုန်းဆီနဲ့ ဆားတို့ရဲ့ စျေးနှုန်းတွေပါ” ဟု WFP က ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဝမ်းရေးအခက်အခဲဖြစ်နေသည့် မိသားစုများ စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိနိုင်ရန်နှင့် WFP က ပေးအပ်နေသည့် အကူအညီများကို အခြေအနေအလိုက် ပုံစံပြောင်းလဲပြီး ဆက်လက်ကူညီပံ့ပိုးပေးသွားရန် အသင့်ပြင်လျက်ရှိသည်ဟု WFP က ထုတ်ပြန်ထားသည်။

Most Read

Most Recent