■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် တစ်ရက်အလိုတွင် အီရန်က ဂျော်ဒန်နှင့် ဘာရိန်းတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် တိုက်ခိုက်

■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် တစ်ရက်အလိုတွင် အီရန်က ဂျော်ဒန်နှင့် ဘာရိန်းတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် တိုက်ခိုက်
Published 10 June 2026

ဇွန် ၁၀ ရက်တွင် အီရန်က ဂျော်ဒန်နှင့် ဘာရိန်းတို့ရှိ အမေရိကန်အခြေစိုက်စခန်း များကို တိုက်ခိုက်ခဲ့ပြီး မိမိ၏ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများသည် အီရန်ကို တိုက်ခိုက်ရန် ၎င်းတို့၏နယ်မြေများကို အမေရိကန် နှင့် အစ္စရေးတို့အသုံးပြုနေခြင်းအား ဟန့် တားရန်တာဝန်ရှိသည်ဟု သတိပေးခဲ့သည်။

အမေရိကန် ရဟတ်ယာဉ် ပစ်ချခံရသည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က အီရန်ကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်က ဂျော်ဒန်နှင့် ဘာရိန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတို့က ဧပြီ ၈ ရက်တွင် သဘောတူညီချက် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးကို စွန်း ထင်းစေခဲ့သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရန် တစ်ရက် အလိုတွင်အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အပြည်ပြည်ဆိုင်ရာက သည်းခံကြရန် တောင်းဆိုသည့်အနေအထားဖြစ်လာခဲ့ သည်။ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်ကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အီ ရန်အမျိုးသားလက်ရွေး စင်ဘောလုံးအ သင်း လည်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အီရန် အသင်းသည် အုပ်စု ပွဲသုံးပွဲကို အမေရိကန် မြေတွင် ကစားရမည်ဖြစ်ရာ ယင်းသည် ထူးခြားနေသည်။    

    

အရှေ့အလယ်ပိုင်းစစ်ပွဲပြီးဆုံးရေး အတွက် ဆွေးနွေးမှုများ နောက်ဆုံးအဆင့် သို့ရောက်နေပြီဟု ပြောကြားသော အမေရိ ကန်သမ္မတဒေါ်နယ်ထရန့်၏ပြောစကားသည် သံသယဖြစ်စရာကောင်းလာသည်။

အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စတင်ခဲ့ သောစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသကို ဝရုန်းသုန်းကားဖြစ်စေခဲ့ပြီး ပျက်မလိုလိုဖြစ်နေသော အပစ်အခတ်ရပ်စဲရေးမစတင်မီ ကမ္ဘာ့ဈေးကွက်များကို လှုပ်ခါစေခဲ့သည်။

အီရန်က ဘာရိန်းရှိ အမေရိကန်အခြေ စိုက်စခန်းကို တိုက်ခိုက်ခဲ့သောကြောင့် ဘာရိန်းမြို့တော် မာနာမာတွင် ကျယ်လောင် သော ပေါက်ကွဲသံများကို ကြားရသည်ဟု ဘာရိန်းရှိ AFP သတင်းထောက်က ပြောကြားခဲ့သည်။

အီရန်တပ်ဖွဲ့များက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်ပစ်မှတ်များကို တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခဲ့သည်ဟု ဇွန် ၁၀ ရက် တွင် အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။ဂျော်ဒန်စစ်တပ်က ဒုံးကျည်ငါးစင်းကို ပစ်ချခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိခိုက် ဒဏ်ရာရသူမရှိသလို အဆောက်အအုံများ ပျက်စီးခြင်းလည်းမရှိဟု ဆိုသည်။ ဘာရိန်းကမူ အီရန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချကာ ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Ref: AFP

AFP: Photo

Most Read

Most Recent