အီရန်သည် လုံး၀ဥဿုံးရှုံးနိမ့်သွားပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် ဗိုလ်ကျနေသူ သေဆုံးသွားပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင်အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရယူရန် အီရန်နိုင်ငံဘက်က အချိန်ဆွဲလွန်းနေသဖြင့် ယခုအခါ အီရန်အနေဖြင့် ကြီးမားစွာ ပေးဆပ်ရတော့မည်ဟုလည်း ထရန့်က သတိပေးခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလက စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တင်းမာလာချိန်တွင် သမ္မတ ထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အီရန်စစ်တပ်သည် လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ပြီဟု ရေးသားခဲ့ခြင်းဖြစ်သည်။
ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက် စာမျက်နှာတွင် "အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျနေတဲ့သူ သေဆုံးသွားပါပြီ!!! သူတို့အတွက် အလွန်ကောင်းမွန်မယ့် သဘောတူညီချက်တစ်ခုကို ဆွေးနွေးညှိနှိုင်းဖို့ သူတို့ဘက်က အချိန်တွေ အကြာကြီး ဆွဲခဲ့ကြတယ်၊ အခုတော့ သူတို့ ကြီးလေးတဲ့ တန်ဖိုးကို ပေးဆပ်ရပါတော့မယ်" ဟု ရေးသားဖော်ပြခဲ့သည်။















