■ ပေ ၂၁၀၀ ရှည်သည့် မြိတ်နှင့်ကျွန်းစုကိုဆက်သွယ်ထားသော မင်းသန်း-မောင်းလှော်တံတားအား ဖွင့်လှစ်

■ ပေ ၂၁၀၀ ရှည်သည့် မြိတ်နှင့်ကျွန်းစုကိုဆက်သွယ်ထားသော မင်းသန်း-မောင်းလှော်တံတားအား ဖွင့်လှစ်
Published 12 June 2026

ပေ ၂၁၀၀ ရှည်သည့် မြိတ်နှင့်ကျွန်းစုကိုဆက်သွယ်ထားသော မင်းသန်း-မောင်း လှော်တံတားအား ဇွန်လ ၁၂ ရက်‌ နေ့ကဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိမြိတ်မြို့နယ်နှင့်ကျွန်းစု မြို့နယ်အားချိတ်ဆက်ထားသည့်တံတားအသစ်အားတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့ နယ်၊မင်းသန်းကျေးရွာအုပ်စု၊ မင်းသန်းကျေးရွာနှင့်ကျွန်းစုမြို့နယ်၊မောင်းလှော်ကျေးရွာအုပ်စု၊ မောင်းလှော်ကျေးရွာတို့ကိုဆက်သွယ်ထားသည့် မင်းသန်း - မောင်းလှော်တံတား သစ်ဖွင့်ပွဲအခမ်းအနားသို့တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်း မှူး ဗိုလ်ချုပ်‌ကျော်ကျော်ဟန်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်း‌‌ရေးမှူး  ဦးတိုးဝင်း၊မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိူးဦး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးပြည်ဟိန်းကျော်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ 

" တံတားကြီးကပြီးနေတာကြာပါပြီ၊ဒေသခံတွေကရေလမ်း ခရီးကိုအသုံးပြုပြီးသွားနေခဲ့ရတယ်၊အခုတံတားကိုဖွင့်ပွဲ လုပ်ပြီးပြီဆိုတော့အားလုံးအသုံးပြုလို့ရပြီထင်တာပဲ" လို့ ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိမြိတ်မြို့ နယ်နှင့်ကျွန်းစုမြို့ နယ်သို့ဆက်သွယ်ထားသည့်အဆိုပါတံ တားကြီးကိုတနင်္သာရီမြစ်ကူးတံတား ( ဒေသအခေါ် မင်းသန်း- မောင်းလှော်တံတား)ဟုခေါ်ဆိုကြပြီးတနင်္သာရီမြစ်ကြီးကိုဖြတ်သန်းဖောက်လုပ်ထားကြောင်းသိရသည်။အဆိုပါတံတားကြီးကို ၂၀၁၈ ခုနှစ်တွင်စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းကို ငွေကျပ်သန်းပေါင်း ၁၃၉၁၀ (၁၃ ဘီလီယံကျော်)အကုန်ကျခံတည်ဆောက်ခဲ့ကြောင်း၊ မြိတ်မြို့နယ်ရှိမင်းသန်းကျေးရွာနှင့်ကျွန်းစုမြို့နယ်ရှိမောင်းလှော်ကျေးရွာတို့ကိုဆက်သွယ်ထားသည့်မြစ်ကူးတံတားဖြစ်ကြောင်းတံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့ (၄)မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မင်းသန်း - မောင်းလှော်မြစ်ကူးတံတားမှာအရှည် ၂၁၀၀ ပေ(၆၄၀ မီတာ)ရှည် လျားပြီး၊ယာဉ်သွားလမ်းအကျယ်(၂၂)ပေ၊ ရေလမ်းကင်း လွတ် အမြင့် (၂၆)ပေရှိပြီး၊ ပြည်ထောင်စုကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနရန်ပုံငွေနှင့်တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနရန်ပုံငွေတို့ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာမြိတ်မြို့ နယ်နှင့်ကျွန်းစုမြို့နယ်အတွင်းရှိကျေးရွာပေါင်း (၃၀)ကျော်တို့မှဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေး၊လူမှုရေး၊ စီးပွားရေးတို့အတွက်ရာသီအချိန်မရွေ့ကူးလူးဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent