■ လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ခရစ်ယာန်ဓမ္မဆရာသည် KNDF အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အချက်အလက်များထွက်ပေါ်လာ
မြန်မာ့တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားခရစ်ယာန်လူငယ်ခေါင်းဆောင်သေဆုံးပြီး မြန်မာရှိ ခရစ်ယာန်များကို ကာကွယ်ပေးရန် BRI(Burma Research Institute)က
အမေရိကန်သမ္မတထံ တိုင်ကြားခဲ့ကြောင်း Burmari. org တွင် ဖော်ပြချက်အရသိရသည်။
၂၀၂၆ ခုနှစ် ဇွန် ၄ ရက် မြန်မာစံတော်ချိန် ည ၆ နာရီခန့်တွင် မြန်မာတပ်မတော်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ Htee Hla Thoo ကျေးရွာအား တိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Hsar Eh Klu သေဆုံးခဲ့ရပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု BRI က စွပ်စွဲဖော်ပြထားသည်။
"မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ၁၉၉၈ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၄ နှစ် ဆက်တိုက် CPC အဆင့် သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်းမှာတောင် မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး" ဟု BRI ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zo Tum Hmung က စွပ်စွဲပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် ခရစ်ယာန်ဘာသာဝင်များကို ကာကွယ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့အနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ၎င်းကပြောကြားသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် BRI အဖွဲ့က မြန်မာနိုင်ငံ ခရစ်ယာန်ဘာသာဝင်များအပေါ် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းထန်စွာ ချိုးဖောက်မှုများ (Burma: Severe Violations of Religious Freedom Against Christians) အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ယင်းအစီရင်ခံစာတွင် ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ခရစ်ယာန်လူထုအခြေပြု လူ့အဖွဲ့အစည်းများအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များကို ကာကွယ်စောင့်ရှောက်ရန် ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေအရ
အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေါ်နယ်ထရန့်အစိုးရအဖွဲ့အားတောင်းဆိုကြောင်း BRI က တောင်းဆိုခဲ့သည်။
သို့ရာတွင် လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ခရစ်ယာန်ဓမ္မဆရာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Hsar Eh Klu သည် ကယား KNDF အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု အချက်အလက်များထွက်ပေါ်လာပြီး
လူမှုကွန်ရက်တွင်လည်း ဓါတ်ပုံနှင့်တကွ ဖော်ပြမှုများရှိနေ သည်။
ထွက်ပေါ်လာသည့်အချက်အလက်များအရ လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ခရစ်ယာန်ဓမ္မဆရာ KNDF အဖွဲ့ဝင်ဖြစ်ကြောင်းနှင့် သေဆုံးသူသည် ဒေသခံပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်း၊ ဓားပြတိုက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရေးသားပြောဆိုမှုများကို တွေ့ရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ BRI ၏ ဖော်ပြသည့် သေဆုံးသူသင်းအုပ်ဆရာ၏ပုံနှင့် ထွက်ပေါ်လာသည့်အချက်အလက်တွင် ဖော်ပြထား
သည့်KNDF အဖွဲ့ဝင်ပုံတို့သည် မျက်နှာပုံစံနှင့် မေးစေ့မှဲ့(သို့မဟုတ်) အမှတ်အသား ပါသည့် စသည့်ပုံစံတို့သည် တူညီနေသည်ကိုတွေ့ရသည်။
မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့အား ဆန့်ကျင်တိုက်ခိုက်နေသည့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်အများစုသည် ပုံမှန်အားဖြင့် အရပ်သားကဲ့သို့နေထိုင်လေ့ရှိကြောင်း သတင်းဖော်ပြမှုများ အရသိရသည်။
လူမှုကွန်ရက်တွင် ယခင်တည်းက ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများတွင်လည်း PDF များနှင့် လက်နက်ကိုင်အဖွဲ့ဝင်များသည် သေနတ်များကိုင်ဆောင်ထားကာ အရပ်ဝတ်များဖြင့် အရပ်သားကဲ့သို့ နေထိုင်လုပ်ကိုင်နေကြသည်ကို လူမှူကွနရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
ယခုဖြစ်စဥ်တွင် လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် KNDF အဖွဲ့ဝင်ကို ခရစ်ယာန်ဓမ္မဆရာအဖြစ် လိမ်လည်တိုင်ကြားခြင်းသာဖြစ်သည်ဟု တပ်မတော် ထောက်ခံသူများက ပြောဆိုရေးသားမှုရှိနေသည်။















