■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီသို့ သွားရောက်ဖူးမြော်ကြည်ညို

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီသို့ သွားရောက်ဖူးမြော်ကြည်ညို
Published 30 May 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီသို့ သွားရောက်ဖူးမြော်ကြည်ညို



အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(မေ ၃၀ ရက်) နံနက်ပိုင်းတွင် ဗုဒ္ဓဂါယာယဉ်ကျေးမှုနယ်မြေ၊ မဟာဗောဓိ မဟာဝိဟာရ ဘုရားကျောင်းဝင်းအတွင်းရှိ မဟာဗောဓိစေတီတော်သို့ သွား ရောက်ဖူးမြော်ကြည်ညိုကြသည်။



မဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းသို့ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များ ရောက်ရှိကြပြီး မဟာဗောဓိစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အားဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ ဆီမီး၊ ပန်းနှင့် သင်္ကန်းများကပ်လှူပူဇော်သည်။



ထို့နောက် နိုင်ငံတော်သမ္မတ ကိုယ်စား ဆရာတော် ကြီးတစ်ပါးက ဗုဒ္ဓရုပ်ပွားတော်မြတ်အား သင်္ကန်းကပ်လှူပူဇော်သည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဗဟာဗောဓိစေတီတော်မြတ် ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။



ထို့နောက် မဟာဗောဓိစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော် ဖူးမြော်ကြည်ညိုပြီး မဟာဗောဓိပင်အား ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူအား လှူဒါန်းသည်။



ထို့နောက် နားနေဆောင်တွင် နိုင်ငံတော်သမ္မတက မဟာဗောဓိစေတီတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူငွေများအား မဟာဗောဓိကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပြီး မဟာဗောဓိစေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် နိုင်ငံတော်သမ္မတ က မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ဗဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းအတွင်းလှည့်လည် ဖူးမြော်ကြပြီး မုစ္စလိန္ဒအိုင်ရှိ ငါးများအား အာဟာရ ဒါနအဖြစ် အစာများကျွေးကြသည်။

Most Read

Most Recent