အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပြီဟု သမ္မတ‌ ဒေါ်နယ်ထရန့် ပြောကြားအပြီး အမေရိကန်စတော့ရှယ်ယာ‌များ  ဈေးကျဆင်း

အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပြီဟု သမ္မတ‌ ဒေါ်နယ်ထရန့် ပြောကြားအပြီး အမေရိကန်စတော့ရှယ်ယာ‌များ  ဈေးကျဆင်း
Published 8 July 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် "ပြီးဆုံးသွားပြီ" ဟု ပြောကြားခဲ့ပြီးနောက် ဇူလိုင် ၈ တွင် ဝေါစထရိစတော့စျေးကွက်၌ ရှယ်ယာဈေးများကျဆင်းသွားခဲ့ပြီး ရှေ့အလယ်ပိုင်းဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ရေနံစျေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

​စတော့စျေးကွက်ဖွင့်လှစ်ပြီး မကြာမီ ဂျုံးစ်စက်မှုအညွှန်းကိန်း (Dow Jones Industrial Average) သည် ၁ ဒသမ ၀ ရာခိုင်နှုန်း ကျဆင်းကာ ၅၂,၄၁၂ .၁၅မှတ်သို့ ရောက်ရှိသွားခဲ့ပြီး S&P 500 ညွှန်းကိန်းသည် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကာ ၇,၄၆၅ .၃၈ မှတ်သို့ ရောက်ရှိခဲ့သည်။

 ထို့ပြင် နည်းပညာကုမ္ပဏီအများစု ပါဝင်သည့် Nasdaq Composite ညွှန်းကိန်းသည် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းကာ ၂၅,၇၃၁ .၆၉ မှတ်သို့ လျော့ကျသွားခဲ့သည်။

​CFRA မှ ဆမ် စတိုဗာလ်က စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ ပြောကြားမှုများသည် စျေးကွက်အတွင်း ရှယ်ယာများ အကြီးအကျယ် ထုတ်ရောင်းမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

​အမေရိကန်ခေါင်းဆောင်က တာဝန်ရှိသူများသည် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ဆဲဖြစ်ကြောင်း၊ပြဿနာကို ဖြေရှင်းနိုင်မည့် လမ်းစရှိနေသေးကြောင်း ပြောကြားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင်မူ မြင့်တက်လာနေသည့် ရေနံစျေးနှုန်းများနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေသည်။

​ကုန်သည်များက လာမည့်အပတ်တွင် ထွက်ပေါ်လာမည့် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်မားနိုင်သော အမေရိကန်၏ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများကိုလည်း ဆက်လက်စောင့်ကြည့်‌နေမည်ဖြစ်သည်။

Ref:AFP

AFP photos 

Most Read

Most Recent