မြန်မာအစိုးရခေါင်းဆောင်သစ်များသည် အကြံပြုချက်များကို ပိုမိုပွင့်လင်းစွာ လက်ခံလာသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာအစိုးရခေါင်းဆောင်သစ်များသည် အကြံပြုချက်များကို ပိုမိုပွင့်လင်းစွာ လက်ခံလာသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
Published 25 June 2026

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာ မတ် ဟာဆန်က မြန်မာနိုင်ငံ၏အသစ် ခန့် အပ်ခံရသောအစိုးရသည် ယခင် အစိုးရနှင့် နှိုင်းယှဉ်ပါက အကြံပြုချက်များကို ပိုမို ပွင့်လင်းစွာ လက်ခံမည့် ပုံစံရှိနေသည်ဟု ဇွန် ၂၅ ရက်တွင် ပြောကြားသည်။

မြန်မာအစိုးရအဖွဲ့နှင့် ထိတွေ့ဆက်ဆံနိုင်ရန် အရှေ့တောင်အာရှနိုင်ငံများက ဆက်လကကြိုးပမ်းနေစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

​ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဧပြီလအတွင်းက သမ္မတအဖြစ်ရွေးချယ်ခံရပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းသည် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ကူးပြောင်းနေပြီဖြစ်ကြောင်း ပြသရန်အတွက် ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာသော အစိုးရအဖွဲ့ဖြစ်သည်။

သို့သော်လည်း ဝေဖန်သူများနှင့် အနောက်နိုင်ငံအစိုးရများကမူ ထိုရွေးကောက်ပွဲသည် ဟန်ပြသက်သက်သာ ဖြစ်သည်ဟုဆိုကာ ရွေးကောက်ပွဲကို ပယ်ချထားသည်။

​မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မိမိသည် လွန်ခဲ့သောလက နေပြည်တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ နှင့် တွေ့ဆုံခဲ့သည် မလေးရှားလွှတ်တော်သို့ ပြောကြားခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ၎င်းတို့သည် ဘုံသဘောတူညီချက် ငါးရပ်နှင့်စပ်လျဉ်း၍ တိုးတက်မှုကို ဆွေးနွေးခဲ့ကြ သည်ဟုဆိုသည်။

​ထို့အပြင် မိုဟမတ်ဟာဆန်က နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးရေးကိစ္စနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်များ၏ ပြဿနာကို ဖြေရှင်း ရေးအပါအဝင်အခြားအရေးကြီးသည့် ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

​၎င်းက “မနှစ်က မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ကြိမ်မှာ မြန်မာဘက်က တင်ပြချက်တွေအပေါ် ပိုပြီးပွင့်ပွင့်လင်းလင်းရှိလာတာကို တွေ့ရ တယ်” ဟု ပြောကြားခဲ့သည်။

​အဆိုပါ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်သည် လက်တွေ့တွင် အများအားဖြင့် အောင်မြင်မှုမရကြောင်း ရှုမြင်နေကြသည်။                

ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာတပ်မတော်အနေဖြင့် ၎င်းတို့က “အကြမ်းဖက်သမား” အဖြစ်သတ်မှတ်ထားသည့် အဖွဲ့များနှင့်ဆွေးနွေးညှိနှိုင်းရန် လက်မခံသောကြောင့်ဖြစ်သည်ဟု မလေရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

​သို့သော်လည်း အာဆီယံခေါင်းဆောင်များက ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မည့်နည်းလမ်းများကို ရှာဖွေရန် နိုင်ငံခြားရေးဝန်ကြီးများကို ညွှန် ကြားထားပြီး လိုအပ်ပါက သဘောတူညီချက်ပါ စည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်သွားနိုင် ကြောင်း မိုဟာမတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

“အကယ်၍ ပြင်ဆင်ဖို့ လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ။ ဒါပေမဲ့ ဘယ်လိုအပြောင်းအလဲကို မဆို အာဆီယံခေါင်းဆောင်အားလုံးက အတည်ပြုပေးဖို့ လိုအပ်ပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

Ref:Reuters

Most Read

Most Recent