မလေးရှားနိုင်ငံရှိ အလုပ်သမားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက အလုပ်ရှင်ခွင့်စာများအား စိစစ်၍ ထောက်ခံစာထုတ်ပေးခြင်းကို မေ ၁ ရက်မှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်

မလေးရှားနိုင်ငံရှိ အလုပ်သမားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက အလုပ်ရှင်ခွင့်စာများအား စိစစ်၍ ထောက်ခံစာထုတ်ပေးခြင်းကို မေ ၁ ရက်မှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်
Published 29 April 2026

မလေးရှားနိုင်ငံရှိ အလုပ်သမားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက အလုပ်ရှင်ခွင့်စာများအား စိစစ်၍ ထောက်ခံစာထုတ်ပေးခြင်းကို မေ ၁ ရက်မှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ဧပြီ ၂၈ ရက်စွဲပါ ထုတ်ပြန်ချက်အရ ပြည်ပ နိုင်ငံများမှ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ၏ အလုပ်ရှင်ခွင့်စာ (Letter of Permission for Leave) များကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ စိစစ်၍ ထောက်ခံစာများ ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို မေ ၁ ရက်မှစတင်၍ ရုံးဖွင့်ရက်များတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ခံစာ လျှောက်ထားရယူလိုသူများအနေဖြင့် ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစာရွက်စာတမ်းများမှာ နိုင်ငံကူးလက်မှတ်မိတ္တူ (ဗီဇာစာမျက်နှာပါရှိရန်)၊ OWIC ကဒ် ရှေ့/နောက် (မိတ္တူ)၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် (မိတ္တူ)၊ မြန်မာနိုင်ငံသို့ ခွင့်ပြန်ရန်အတွက် အလုပ်ရှင်မှ ထုတ်ပေးထားသော ခွင့်အမျိုးအစားနှင့် ခွင့်ကာလတို့ ဖော်ပြပါရှိသည့် ခွင့်စာမူရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှေ့/နောက် (မိတ္တူ)၊ မြန်မာနိုင်ငံသို့ ပြန်မည့်ရက်မတိုင်မီ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မပါ (၁၀) ရက်ကြိုတင် ၍ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်၊ အလုပ်ရှင်ခွင့်စာထောက်ခံစာများအတွက် QR လျှောက်ထားရယူရန် မလို(မလို)ကြောင်းနှင့် သံရုံး၏ကောင်စစ်ဌာန ကောင်တာအမှတ် (၃၁) တွင် ကာယကံရှင်မှ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

စိစစ်အတည်ပြုပြီး ထောက်ခံစာရရှိသူများ၏ အမည်စာရင်းနှင့် လာရောက်ထုတ်ယူရမည့် နေ့ရက်များကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ Facebook စာမျက်နှာ (Myanmar Embassy in Kuala Lumpur, Malaysia)၊ မလေးရှားနိုင်ငံ အလုပ်သမားသံအရာရှိရုံး၏ Facebook စာမျက်နှာ (Myanmar Labour Attaché Office. Malaysia) တို့တွင် ဖော်ပြအသိပေးသွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent