လုပ်ခလစာ မရှင်းပေးသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို နယ်စပ်မဖြတ်ကျော်မီ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

လုပ်ခလစာ မရှင်းပေးသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို နယ်စပ်မဖြတ်ကျော်မီ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ
Published 4 May 2026

လုပ်ခလစာ မရှင်းပေးသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့သည့် မြန်မာလုပ်သားလေးဦးကို နယ်စပ်မဖြတ်ကျော်မီ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း Thaiger က သတင်းဖော်ပြသည်။

အဆိုပါ မြန်မာလုပ်သားလေးဦးကို မေ ၂ ရက်တွင် ချင်းမိုင်မြို့ မဲ့ရင်းမြို့နယ်တွင် နယ်စပ်မဖြတ်ကျော်မီ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေးဦးကို နံနက် ၁ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့သည် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရန်ပြင်ဆင်နေသည်ဟုဆိုကာ သံသယရှိသူလေးဦးကို ထိုနံနက်အစောပိုင်းတွင် ဝပ်ရောင်ခွန်အနီးတွင် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် တရားဥပဒေအရအရေးယူဆောင်ရွက်ရန်အတွက် မဲရင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

လူသတ်မှုမှာ မေ ၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၄၉ နှစ်အရွယ်ရှိ ဆွမ်ချိုင်းဆိုသူဖြစ်ကာ ရှမ်းလူမျိုးတစ်ဦးဖြစ်ကြောင်း၊ ၄င်းသည် သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ လေးဦးနှင့်အတူ အလုပ်ရုံတွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

လုပ်ခလစာမပေးသဖြင့် အလုပ်ရှင်ကို သတ်ဖြတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားလေးဦးက ဝန်ခံထားသည်ဟု သတင်းတွင် ရေးသားထားသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အလုပ်သမားနှစ်ဦးမှာ ဆွမ်ချိုင်း အိပ်ပျော်နေစဉ်တွင် ၎င်း၏လည်ပင်းကို ဓားဖြင့်ထိုးခဲ့ပြီး နှစ်ဦးက စောင့်ကြည့်ပေးထားကြောင်း၊ သတ်ဖြတ်အပြီးတွင် သံသယရှိသူလေးဦးမှာ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

CCTV မှတ်တမ်းများအရ သံသယရှိသူများသည် ချင်းရိုင်းသို့ ခရီးမထွက်မီ ထိုဒေသမှ ထွက်ခွာသွားသည်ကို ပြသခဲ့ပြီး မြန်မာနိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မီ ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent