စေတုတ္တရာမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး  ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

စေတုတ္တရာမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး  ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
Published 11 May 2026

စေတုတ္တရာမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး  ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မေ ၁၁ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မေ ၁၁ ရက် နံနက် ၂ နာရီ ၆ မိနစ်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၃) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၀ ဒသမ ၄၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၀၈ ဒီဂရီ၊ အနက် (၁၅) ကီလို မီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး  ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

မေ ၅ ရက်ကလည်း ကာမိုင်းနှင့် မအူပင်မြို့အနီး ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်များ ခုနစ်နာရီအတွင်း နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မေ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် မိုင် (၆၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကာမိုင်းမြို့၏ အနောက်ဘက်(၁၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၅၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒသမ ၅၁ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်သည်။

အလားတူ မေ ၅ ရက် နံနက် ၃ နာရီခန့်တွင် ကမ္ဘာ‌အေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မအူပင်မြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၇၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၇၇ ဒီဂရီ၊ အနက် (၁၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

Most Read

Most Recent