■ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာ၌ ဥပဒေ၊ နည်းဥပဒေအညီ ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ်မှုများ၊ ငွေကြေးတောင်းခံမှုများ၊ ဥပဒေနှင့် မလျော်ညီသောလုပ်ရပ်များဖြင့် စီးပွားရှာနေကြသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အရေးယူသွားမည်ဟုဆို

■ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာ၌ ဥပဒေ၊ နည်းဥပဒေအညီ ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ်မှုများ၊ ငွေကြေးတောင်းခံမှုများ၊ ဥပဒေနှင့် မလျော်ညီသောလုပ်ရပ်များဖြင့် စီးပွားရှာနေကြသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အရေးယူသွားမည်ဟုဆို
Published 25 June 2026

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာ၌ ဥပဒေ၊ နည်းဥပဒေအညီ ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ်မှုများ၊ ငွေကြေးတောင်းခံမှုများ၊ ဥပဒေနှင့် မလျော်ညီသောလုပ်ရပ်များဖြင့် စီးပွားရှာနေကြသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက ပြောကြားထားသည်။

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (ပဥ္စမနေ့) တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် မှ မေးမြန်းခဲ့သည့် “မွန်ပြည်နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေ ခေါင်းစဉ်တပ်ကာ ဥပဒေနှင့်မလျော်ညီသော လုပ်ရပ်များဖြင့် စီးပွားရှာနေကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန်းနှင့်ပြည်သူ့ စစ်မှုထမ်းဥပဒေအး အကောင်အထည်ဖေါ်မှုကို ပြည်သူများ ယုံကြည်လက်ခံလာစေရေး၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါ ပြဌာန်းချက်များအတိုင်း ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ” မေးမြန်းသော မေးခွန်းအား ဝန်ကြီးဦးတင်ဇော်ထွန်း က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရာ၌ ဥပဒေ၊ နည်းဥပဒေအညီ ဆောင်ရွက်ခြင်းမရှိဘဲ အဓမ္မဆင့်ခေါ်မှုများ၊ ငွေကြေးတောင်းခံမှုများ၊ ဥပဒေနှင့် မလျော်ညီသောလုပ်ရပ်များဖြင့် စီးပွားရှာနေကြသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ သို့မဟုတ် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းကာ လုပ်ငန်းတာဝန်ပေးထားသူများမှ မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းစိစစ်တွေ့ရှိရပါက ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ - ၂၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံ့ဝန်ထမ်းဥပဒေ သို့မဟုတ် အဖွဲ့အစည်းဝင်မဟုတ်သူများကျူးလွန်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တင်ပြအပ်ပါကြောင်း ဝန်ကြီးဦးတင်ဇော်ထွန်း က ပြောကြားခဲ့သည်။

၎င်းကဆက်လက်ပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေအား အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ပြည်သူများ ယုံကြည်လက်ခံလာစေရေးနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးချိန်ကစလို့ ပြည်သူစစ်မှုထမ်းဥပဒေပါပြဌာန်းချက်များကိုအသိပညာပေးဆောင်ရွက်မှု(၆၂၂) ကြိမ်၊ တက်ရောက်အင်အား (၂၆၁၀၆) ဦး၊  လက်ကမ်းစာစောင်ဖြန့်ဝေမှု (၁၅၂) နေရာတွင် လက်ကမ်းစာစောင်ပေါင်း (၄၄၉၉၄) စောင်ဖြန့်ဝေပညာပေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအကို အသိပညာပေးဆောင်ရွက်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူ့စစ်မှုထမ်းခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့အောင်ကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်းကို ပြည်သူများ၏ စိတ်တွင် အသိတရားများကိန်းအောင်လာစေရေး၊ စစ်မှုထမ်းခြင်းအပေါ်ဂုဏ်ယူဝမ်းမြောက်သည်အထိ ခံယူသည့်စိတ်များဖြစ်ပေါ်လာစေရန် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများမှလည်း ပြည်သူများ၏ စိတ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း အသိတရားများကိန်းအောင်လာစေရန်အတွက်  အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် တင်ပြအပ်ပါကြောင်းလည်း ဝန်ကြီးဦးတင်ဇော်ထွန်း က ဆိုသည်။

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေပါ ကင်းလွတ်ခြင့်၊ ရွေ့ဆိုင်းခွင့်ဆိုင်ရာ စည်းမျဉ်းများကို ပြည်သူများ သိရှိမှုအားနည်းခြင်းများရှိနေကြောင်း ဦးသန့်ဇော် က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမေးမြန်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို နားလည်သဘောပေါက်လာကြသည့်အတွက် စစ်မှုထမ်းခြင်းကို မလွဲမသွေဆောင်ရွက်ရမည်ဟု ခံယူထားကြပါကြောင်း၊ သို့သော်လည်း စစ်မှုထမ်းဥပဒေ စတင်အကောင်အထည်ဖေါ်စဉ်ကပင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများရှိနေသည်ကိုမြင်တွေ့ရကြောင်း၊ ဥပဒေ၊ နည်းဥပဒေအတိုင်း ဆင့်ခေါ်ရမည်ဟု ပြဌာန်းသတ်မှတ်ထားပါသော်လည်း လက်တွေ့တွင် မြင်တွေ့နေရသော ပုံစံမှာ ရွေးချယ်ခေါ်ယူမှုစနစ်မရှင်းလင်းခြင်း၊ မဲစနစ်ကျင့်သုံးပြီး ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တချို့ဒေသများတွင် လမ်းပေါ်၊  အိမ်ပေါ်တွေမှာ စစ်ဆေးပြီး တစ်ပါတည်းခေါ်ဆောင်သွားခြင်းကြောင့် လူငယ်များအကြားစိုးရိမ်ကြောက်ရွံ့မှုများ ပိုမိုဖြစ်ပေါ်စေခြင်း၊ အချို့နေရာများတွင် အစားထိုးလူပေးရခြင်း၊ ငွေပေးပြီး အကြာင်းအမျိုးမျိုးပြကာ မပါရအောင် ဆောင်ရွက်ရခြင်းများရှိနေကြောင်း၎င်းဆက်လက်ပြီး “အချို့နေရာများမှာ ရပ်ကွက်အိမ်ထောင်စုအလိုက်၊ လူဦးရေအလိုက် စစ်မှုထမ်းအသက်ပြည့်မီသူ ဦးရေအပေါ်မူတည်၍ တစ်အိမ်ထောင်လျှင် ကျပ် (၁၀၀၀၀) မှ (၃၀၀၀၀) ကျပ်အထိ ပုံမှန်လစဉ်ပေးနေရခြင်းများရှိကြောင်း ဦးသန့်ဇော်က ပြောကြားသည်။

အဆိုးဝါးဆုံးအခြေအနေမှာ ခရီးသွားနေစဉ် လမ်းတွင် စစ်မေးဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ပြန်လွတ်ချင်လျှင် ငွေကျပ် သိန်း ဆယ်ဂဏန်း၊ ရာဂဏန်းအထိတေင်းခံနေခြင်းစသည်ဖြင့် စီးပွားဖြစ်လုပ်ကိုင်နေခြင်းများကို ပြည်သူများခါးသည်းစွာ ခံစားနေရခြင်း၊ မည်သည့်အဖွဲ့အစည်းကမှန်းမသိဘဲ ညအချိန် ခရီးသွားများ၊ လမ်းသွားလမ်းလာများကိုဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်ပါသည့် အဖွဲ့အစည်းများသို့ ရောင်းစားခြင်း၊ မည်သည့်နေရာကို ခေါ်ဆောင်ပို့ဆောင်သည်ကို မသိရဘဲ ပျောက်ဆုံးနေခြင်းများရှိနေသည့်အပြင်၊ ဖမ်းဆီးခံရသူများအနက်မှ စစ်မှုထမ်းသတ်မှတ်သည့် အသက်အရွယ်ကျော်လွန်သေူများ၊ ကျန်းမာရေးဆေးအဆင့်မမီသူများကို ပြန်လွှတ်မပေးဘဲ ငါးဖမ်းစက်လှေများသို့ ရောင်းစားခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ကြားသိနေရကြောင်း ဦးသန့်ဇော် က ပြောကြားခဲ့သည်။

တိုက်ဆိုင်စွာပင် ထို ဇွန်လ (၁၉) ရက်နေ့ကလည်း မွန်ပြည်နယ်လွှတ်တော်တွင် လုံခြုံရေးတာဝန်ကျ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦးမှာ မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်သို့ ဘုရားဖူးသွားရောက်စဉ် ဗိုလ်မှူးဆိုသူအပါအဝင် အမျိုးသား (၃) ဦး၏ အဓမ္မဖမ်းဆီးခြင်းခံရပြီးနောက် ကျိုက္ခမီမြို့ရှိ လူပွဲစားထံပို့ဆောင်ခံရကာ၊ ရောင်းစားခံခဲ့ရသေးကြောင်း သတင်းရရှိသည်။

Most Read

Most Recent