ထိုင်းနိုင်ငံတွင် အလုပ်ရှင်မှ ရေနွေးပူဖြင့်လောင်းပြီး နှိက်စက်ခံရသည့် မြန်မာအလုပ်သမားကို မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံပြီး ထိုက်သင့်သည့် နစ်နာကြေးများ ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံတွင် အလုပ်ရှင်မှ ရေနွေးပူဖြင့်လောင်းပြီး နှိက်စက်ခံရသည့် မြန်မာအလုပ်သမားကို မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံပြီး ထိုက်သင့်သည့် နစ်နာကြေးများ ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်
Published 9 May 2026

ထိုင်းနိုင်ငံတွင် အလုပ်ရှင်မှ ရေနွေးပူဖြင့်လောင်းပြီး နှိက်စက်ခံရသည့် မြန်မာအလုပ်သမားကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး သွားရောက်တွေ့ဆုံပြီး ထိုက်သင့်သည့် နစ်နာကြေးများ ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ချွန်ပူရီခရိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် စကားပြန်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးအပေါ် ပိုင်ရှင် အခြား နိုင်ငံခြားသားများမှ ဥပဒေမဲ့နှိပ်စက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသဖြင့် ဒဏ်ရာဆေးကုသမှုခံယူနေရသူ မြန်မာနိုင်ငံသား ကိုသားသား၊ အသက်(၂၇)နှစ်ကို မေ ၈ ရက်က မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေး ခန်းမ၌ မြန်မာသံရုံးမှ အရာရှိများ၊ အလုပ်သမားသံအရာရှိတို့နှင့်အတူ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ညှင်းပန်းနှိပ်စက် မှုပြုခံရသည့် ဖြစ်စဉ်နှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး မြန်မာသံရုံး၏ ကိုယ်စား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာသံအမတ်ကြီးက ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ တရားမျှတမှုရှိစေရေး၊ ပြစ်ဒဏ်ကျူးလွန်သူများအပေါ် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ မြန်မာလုပ်သားအတွက်  ထိုက်သင့်သည့် နစ်နာကြေး ရရှိနိုင်ရေးတို့ အတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံး၊ ထိုင်းအခြေစိုက် ပြည်ပလုပ်သားနစ်နာမှုကူညီစောင့်ရှောက်ပေးနေသူများနှင့်အတူ ဆက်လက်ကူညီမှုပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံစားခဲ့ရသူ မြန်မာနိုင်ငံသား ကိုသားသားအတွက် မြန်မာသံရုံးဝန်ထမ်းနှင့် မိသားစု၏ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent