မန္တလေးတိုင်း နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF များထောင်ထားသည့် လက်လုပ်မိုင်း ခုနစ်လုံးကို ဖယ်ရှား

မန္တလေးတိုင်း နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF များထောင်ထားသည့် လက်လုပ်မိုင်း ခုနစ်လုံးကို ဖယ်ရှား
Published 2 June 2026

မန္တလေးတိုင်း နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF များထောင်ထားသည့် လက်လုပ်မိုင်း ခုနစ်လုံးကို ဖယ်ရှားခဲ့ကြောင်း  သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည်ကားလမ်းမကြီးတစ်လျှောက်တွင် PDF များက မိုင်းထောင်ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန် ၁ ရက် နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝကျေးရွာကြား ကားလမ်း ဘေးဝဲ/ယာဘက်များ၌ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ PDF အဖွဲ့ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ခြောက်လက်မခန့်၊ အလျား တစ်ပေခန့်ရှိ လက်လုပ်မိုင်း နှစ်လုံး၊ အချင်း ခြောက်လက်မခန့်၊ အလျား တစ်ပေခန့်ရှိ လက်လုပ်မိုင်း သုံးလုံး၊ အရှည် တစ်ပေခွဲခန့်ရှိ လက်လုပ်မိုင်း တစ်လုံးနှင့် သံပိုက်ဖြင့် ပြုလုပ် ထားသော အချင်း တစ်ပေခန့်၊ အလျား တစ်ပေခွဲခန့်ရှိ လက်လုပ်မိုင်း တစ်လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ခုနစ်လုံးတို့အားတွေ့ရှိ၍ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent