ကရင်ပြည်နယ် ၊မြဝတီမြို့နယ်တွင်၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာအောင်မြင်ခဲ့ သော ကျောင်းသား / ကျောင်းသူ များနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သောဆရာ/ဆရာမများအား ဂုဏ်ပြုပွဲ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်၁၀ နာရီက အမှတ်(၃) ရပ်ကွက် မြဝန္ဒီ ပန်းခြံ ၊ City Home ခန်းမတွင် ပ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်မြဝတီခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲလင်းမောင်မှ အဖွင့်အမှာစကားကြောကြားခဲ့ပြီး ၂၀၂၆ခုနှစ်တက္ကသိုလိဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို တစ်ဘာသာလျင် ၁၁ သိန်းနှုန်းဖြင့် တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြု ချီးမြင့်ပွဲ အခမ်းအနားအား ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်မြဝတီခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြဝတီခရိုင်/မြို့နယ်ပညာရေးဌာနမှ စီစဉ်မှုဖြင့် ပညာရေးစေတနာရှင်များဘ၊မြို့မိ မြို့ဖများ ၊အလှူရှင်များ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အလိုက် ဂုဏ်ထူးမှတ်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည် ကျောင်းသား/ကျောင်းသူများအနက် (၃)ဘာသာ ဂုဏ်ထူးရှင် (၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၁)ဘာသာ ဂုဏ်ထူးရှင်(၁၂) တို့ ထူးချွန်စွာအောင်မြင်ခဲ့ကြပြီး ၄င်းတို့အား ဆုများ အသီးသီးချီးမြင့်ခဲ့ရာ ဘာသာရပ်အလိုက် ဂုဏ်ထူးမှတ်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများကို တစ်ဘာသာလျှင် (၁၁)သိန်းကျပ်နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဂုဏ်ထူးရကျောင်းသူကျောင်းသားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဘာသာလျှင် (၁)သိန်းကျပ်နှုန်း၊ ကရင်ပြည်နယ်သာသနာ့နုဂ္ဂအသင်း ဥက္ကဋ္ဌ ဦးစောမုတ်သုန်နှင့်ဇနီးဒေါ်နန်းဖောဖောတို့မှ တစ်ဘာသာလျှင် (၄)သိန်းကျပ်နှုန်း နှင့် မြို့မိမြို့ဖ အလှုရှင်များ၏လှူဒါန်းငွေမှ တစ်ဘာသာလျှင် (၆)သိန်းကျပ်နှုန်းဖြင့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ဂုဏ်ထူးမှတ်ရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများနှင့် အောင်ချက်ကောင်းသည့် စာသင်ကျောင်းများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး စုပေါင်း ဓါတ်ပုံရိုက်ကာမှတ်တမ်း တင်ခဲ့ကြသည်။
အခမ်းအနားသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှုး ဦးရဲလင်းမောင် နှင့် ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇော်မော်အောင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်ပြည်နယ် သာသနနုဂ္ဂဟအသင်း ဥက္ကဋ္ဌ နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း နာယက ဦးစောမုတ်သုန်၊ မြို့မိမြို့ဖ ဦးသန်းရွှေ(ခ)ဦးကုလားနှင့်အလှူရှင်များ၊ မြဝတီခရိုင်ပညာရေးမှုးဦးစောဝါးလယ်ထူး၊မြို့နယ်ပညာရေးမှုး ဦးမိုးကျော်နှင့် ပညာရေးဝန်ထမ်းများ မြဝတီခရိုင်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ် မေရတနာဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မင်းမေသဲဝါအေးနှင့် အဖွဲ့ဝင်များ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် အဖွဲ့ဝင်များ၊ကျောင်းသားမိဘများ ၊ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြသည်။















