လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုရိုးရာဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုရိုးရာဆုတောင်းပွဲ အခမ်းအနားသို့ တက်ရောက်
Published 5 July 2026



လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုရိုးရာဆုတောင်းပွဲ(ဘာစီပွဲတော်) အခမ်းအနားသို့ တက်ရောက်သည်။

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လွန်ပရာဘန်မြို့တွင် ယနေ့(ဇူလိုင် ၅ ရက်)မွန်းလွဲပိုင်းက ကျင်းပသည့် လာအိုရိုးရာဆုတောင်းပွဲ(ဘာစီပွဲတော်) အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

လာအိုရိုးရာဆုတောင်းပွဲအခမ်းအနား (ဘာစီပွဲတော်)တွင် စတင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မင်္ဂလာဆီမီးညှိပူဇော်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးအတွက် ကံကောင်းခြင်း၊ ဂုဏ်ကျက်သရေတိုးပွားခြင်းနှင့် တာဝန်ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိစေရန် လာအိုနိုင်ငံ၊ ဘာသာရေးဆိုင်ရာ တာဝန်ခံက လာအိုရိုးရာဖြင့် ဆုတောင်းပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား  လွန်ပရာဘန် ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့် ဇနီးတို့က ဘာစီရိုးရာ မင်္ဂလာကြိုးဖြူ (Sai Sin) ဖြင့်  ချည်နှောင်ပေး၍ ဆုတောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ခရီးစဉ်တွင် လိုက်လာပါသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး H.E. Mr. Bounleuam MANIVONG နှင့် ဇနီးတို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်

Most Read

Most Recent