ရန်ကုန်မြို့ လူစည်ကားရာ ၁၉ လမ်း ညစျေးအား ပြန်လည်ဖွင့်လှစ်

ရန်ကုန်မြို့ လူစည်ကားရာ ၁၉ လမ်း ညစျေးအား ပြန်လည်ဖွင့်လှစ်
Published 9 June 2026

ရန်ကုန်မြို့ လူစည်ကားရာ ၁၉ လမ်း ညစျေးအား ဇွန် ၉ ရက် ညနေပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဇွန် ၉ ရက် ညနေ ၅ နာရီမှစတင်ကာ ၁၉ လမ်းအတွင်း တရုတ်နဂါးအလှအပများ ကပြဖျော်ဖြေခြင်းများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၁၉ လမ်းအတွင်းရှိ စားသောက်ဆိုင်များအား ယခင်လို လမ်းအပြည့် ခင်းခိုင်ခြင်းမပြုတော့ဘဲ ယာဉ်သွားရန် လမ်းတစ်လမ်းအား စည်းကမ်းတကျပြုလုပ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။

“အရင်လို လမ်းအလယ်က စျေးသည်တွေတော့ မတွေ့တော့ဘူး။ အလယ်မှာ ကားသွားဖို့ လမ်းကို လုပ်ပေးထားတယ်။ ဆိုင်တွေကိုဆို အကန့်လေးတွေ လုပ်ပေးထားတယ်။ ပြန်ဖွင့်ရတော့ ဝမ်းသာတာပေါ့” ဟု ၁၉ လမ်းတွင် စျေးရောင်းချသူတစ်ဦးက ပြောကြားသည်။

ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။

ဓာတ်ပုံ - သီဟအောင်၊ ရှိုင်းလင်းထက်

Most Read

Most Recent