ဖူလ်ဟမ်အသင်းဟာ ရီးယဲလ်အသင်းရဲ့နည်းပြဟောင်း အာဘီလိုအာကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းက ဘင်ဖီကာအသင်းကို ပြောင်းရွှေ့သွားတဲ့ နည်းပြ မာကိုဆေးလ်ဗားရဲ့နေရာမှာ အာဘီလိုအာကို အစားထိုးခန့်အပ်ခဲ့တာပါ။
အာဘီလိုအာက ရီးယဲလ်အသင်းက ထွက်ခွာခဲ့ပြီး ဖူလ်ဟမ်ကိုရောက်၊ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဘင်ဖီကာကိုရောက်၊ ဘင်ဖီကာနည်းပြ မော်ရင်ဟိုက ရီးယဲလ်မက်ဒရစ်ကို ရောက်တဲ့ ကလပ်အသင်းသုံးသင်းကြားက နည်းပြအပြောင်းအလဲလည်း ဖြစ်သွားခဲ့ပါတယ်။
စပိန်လက်ရွေးစင်ဟောင်း အာဘီလိုအာဟာ ရီးယဲလ်အရန်အသင်းကို တာဝန်ယူနေရာက ရီးယဲလ်အသင်း အလွန်ဆိုနဲ့ လမ်းခွဲခဲ့ချိန်မှာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
ကစားသမားဘဝတုန်းက လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်အတွေ့အကြုံရှိခဲ့ဖူးတဲ့ အာဘီလိုအာက ''လန်ဒန်က သက်တမ်းအရင့်ဆုံး ဖူလ်ဟမ်အသင်းနဲ့ လက်တွဲခွင့်ရတာ ကျွန်တော့်အတွက် ဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော့်ကို ယုံကြည်ပေးခဲ့ကြတဲ့ မစ္စတာခန်း(အသင်းပိုင်ရှင်)နဲ့ တိုနီခန်း(ဘောလုံးဒါရိုက်တာ)တို့ကိုလည်း လေးလေးနက်နက် ကျေးဇူးတင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဖူလ်ဟမ်အသင်းက ၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ ဆုံတွေ့နေတာကြောင့် ရီးယဲလ်နည်းပြဟောင်းနှစ်ဦးဖြစ်တဲ့ အာဘီလိုအာနဲ့ အလွန်ဆိုတို့ စောစောစီးစီးထိပ်တိုက်တွေ့မယ့် အခြေအနေလည်း ဖြစ်သွားခဲ့ပါတယ်။
အာဘီလိုအာကို နည်းပြအဖြစ် (၃)နှစ်စာချုပ်နဲ့ ဖူလ်ဟမ်အသင်း ခန့်အပ်
Most Read
Most Recent
52 min ago
4 hours ago















