အတ္တလန်တာကွင်းလယ်ကစားသမား အီဒါဆန်ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ မန်ယူအသင်း သဘောတူညီမှုရရှိ

အတ္တလန်တာကွင်းလယ်ကစားသမား အီဒါဆန်ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ မန်ယူအသင်း သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 3 June 2026

မန်ယူအသင်းဟာ အတ္တလန်တာအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား အီဒါဆန်ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အီဒါဆန်(၂၆ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ အတ္တလန်တာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ (၄)ရာသီစလုံး အသင်းရဲ့ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူပါ။

မန်ယူအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုရဲ့နေရာ အစားထိုးဖို့ အီဒါဆန်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ကာရစ် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပြီးနောက် အသင်းကို ပထမဆုံးရောက်ရှိတဲ့ ကစားသမားသစ်အဖြစ် မှတ်တမ်းဝင်မှာပါ။

မန်ယူအသင်းက အီဒါဆန်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းအပြင် Add-ons ကြေး ပေါင်(၃.၉)သန်း ထပ်မံပေးချေရမယ်လို့လည်း သိရပါတယ်။

မန်ယူအသင်းက အီဒါဆန်ကို (၄)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တဲ့အပြင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ပါဝင်ကြောင်းလည်း သိရပါတယ်။

အီဒါဆန်က ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ်(၂၆)ဦးစာရင်းမှာတော့ မပါဝင်ခဲ့ပါဘူး။

Most Read

Most Recent