၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြလမ်းခွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဥရုဂွေးနည်းပြ ဘီယဲလ်ဆာနဲ့ အီကွေဒေါနည်းပြ ဘက်ကာဆေဆေတို့လည်း လမ်းခွဲခဲ့ကြကြောင်း သိရပါတယ်။
ပြိုင်ပွဲကာလအတွင်းမှာ ရာထူးက ထုတ်ပယ်ခံရတဲ့ နည်းပြတစ်ဦးလည်းရှိခဲ့ပြီး တူနီးရှားနည်းပြ လာမိုချီက အုပ်စုအဖွင့်ပွဲစဉ်ယှဉ်ပြိုင်အပြီးမှာပဲ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနည်းပြ ဟောင်မြန်ဘို၊ စကော့တလန်နည်းပြ စတိဗ်ကလက်ခ်၊ ချက်နည်းပြ ကူဘက်၊ နယ်သာလန်နည်းပြ ရော်နယ်လ်ကိုမန်းနဲ့ ဘီယဲလ်ဆာ၊ ဘက်ကာဆေဆေတို့ကတော့ ရာထူးက နုတ်ထွက်ခဲ့ကြတာပါ။
နည်းပြအများစုက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိသာ စာချုပ်ချုပ်ဆိုထားကြတာကြောင့် ပြိုင်ပွဲက ထွက်ခဲ့ရချိန်မှာ ရာထူးက နုတ်ထွက်ပြီး လမ်းခွဲခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အီကွေဒေါနည်းပြ ဘက်ကာဆေဆေကတော့ ဒီနေ့မနက် မက္ကဆီကိုကို ရှုံးနိမ့်အပြီးမှာမှ လမ်းခွဲခဲ့ခြင်းဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ နောက်ဆုံးလမ်းခွဲတဲ့နည်းပြအဖြစ် လက်ရှိအချိန်အထိ မှတ်တမ်းဝင်နေကြောင်း သိရပါတယ်။
နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်း(၆၃ နှစ်)ကတော့ ရင်သားကင်ဆာရောဂါနဲ့ ရင်ဆိုင်နေရတဲ့ ဇနီးသည်ကို အချိန်ပိုပေးဖို့အတွက် နည်းပြဘဝကနေ အပြီးတိုင်အနားယူဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
ဥရုဂွေးနည်းပြ ဘီယဲလ်ဆာနဲ့ အီကွေဒေါနည်းပြ ဘက်ကာဆေဆေတို့လည်း လမ်းခွဲခဲ့ကြ
Most Read
Most Recent
4 hours ago
6 hours ago















