၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရှမ်းပြည်တောင်ပိုင်းရှိ ခရိုင် ၈ ခု တွင် ကလောမြို့နယ်မှာ အောင်ချက်အမြင့်ဆုံး ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း ရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ ကလောခရိုင်၊ မိုင်းရှူးခရိုင်၊ နမ့်စန်ခရိုင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် ရှိသော ၂၀၂၆ ခုနှစ် မြို့နယ် အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို အောင်မြင်မှု စာရင်းချုပ် အရ ကလောမြို့နယ် မှာ အောင်မြင်မှု ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း ကျော်ဖြင့် အမြင့်ဆုံး ရရှိခဲ့ကြောင်း သိရသည်။ ဒုတိယ အောင်မြင်မှု အများဆုံးမှာ ပင်လောင်း ဖြစ်ကာ ၅၃ ဒဿမ ၂၂ ရာခိုင်နှုန်း ၊ တတိယ ရပ်စောက် ဖြစ်ကာ ၅၂ ဒဿမ ၉၅ ရာခိုင်နှုန်း ၊ စတုတ္ထ မှာ တောင်ကြီး ဖြစ်ကာ ၄၉ ဒဿမ ၂၂ ရာခိုင်နှုန်း ၊ ပ ဉ္စမ မှာ ပင်းတယ ဖြစ်ကာ အောင်မြင်မှု ၄၉ ဒဿမ၂၁ ရာခိုင်နှုန်း၊ ဆဋ္ဌမ မှာ နမ့်စန် ဖြစ်ကာ ၄၉ ဒဿမ ၀၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ကလောမြို့နယ်တွင် စာစစ်ဌာန (၈) ခု ရှိကာ ဖြေဆိုသူပေါင်း ၂၀၃၁ ဦး တွင် ၁၂၃၃ ဦး အောင်မြင်သဖြင့် ၆၀ ဒဿမ ၇၁ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း အမြင့်ဆုံး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် တွင် စာစစ်ဌာန (၇) ခုရှိကာ ဖြေဆိုသူပေါင်း ၁၃၀၆ ဦး တွင် ၆၉၅ဦး အောင်မြင်သဖြင့် ၅၃ ဒဿမ ၂၂ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရပ်စောက်မြို့နယ် တွင် စာစစ်ဌာန (၆) ခု ရှိကာ ဖြေဆိုသူပေါင်း ၉၅၀ ဦး တွင် ၅၀၃ အောင်မြင်သဖြင့် ၅၂ ဒဿမ ၉၅ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ် တွင် စာစစ်ဌာန (၁၀) ခု ရှိကာ ဖြေဆိုသူပေါင်း ၃၉၉၄ ဦး တွင် ၁၉၆၆ ဦး အောင်မြင်သဖြင့် ၄၉ ဒဿမ ၂၂ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပင်းတယမြို့နယ် တွင် စာစစ်ဌာန (၄) ခု ရှိကာ ဖြေဆိုသူပေါင်း ၆၉၅ ဦး တွင် ၃၄၂ ဦး အောင်မြင်သဖြင့် ၄၉ ဒဿမ ၂၁ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နမ့်စန်မြို့နယ်တွင် စာစစ်ဌာန (၂) ခု ရှိကာ ဖြေဆိုသူပေါင်း ၄၆၃ ဦး တွင် ၂၂၇ ဦး အောင်မြင်သဖြင့် ၄၉ ဒဿမ ၀၃ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖြေဆိုသူများသော ညောင်ရွှေမြို့နယ် တွင် စာစစ်ဌာန (၇) ခု ရှိကာ ဖြေဆိုသူပေါင်း ၁၅၀၁ ဦး တွင် ၆၅၄ ဦး အောင်မြင်သဖြင့် ၄၃ ဒဿမ ၅၇ ရာခိုင်နှုန်း ဖြင့် အောင်မြင်မှု ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးကျောင်းမှာ အထက(၄) ကျောင်း ဖြစ်ကာ ဖြေဆို ၁၃၇ ဦးတွင် အောင်မြင်သူ ၁၀၃ ဦး ရှိသဖြင့် အောင်ချက် ရာခိုင်နှုန်း ၇၅ ဒဿမ ၁၈ ရာခိုင်နှုန်း ဖြင့် အမြင့်ဆုံး ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်းရှိ သက်ဆိုင်ရာမြို့နယ် တစ်ခုချင်းစီ အလိုက် အသေးစိတ် အောင်မြင်မှု ရာခိုင်နှုန်း များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း ရှမ်းပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူက ဆိုသည်။















