မြန်မာ-ထိုင်း နယ်စပ် ၊မြဝတီမြို့တွင်းရှိ အဝေးပြေး ကားဂိတ်များအားလုံး မြဝတီမြို့အဝင် အေးသုခ ကျေးရွာရှိ "စိမ်းလဲ့မြိုင်"အဝေးပြေးကားဂိတ်ဝင်းသို့ လာမည့် ဇွန်လ (၁) ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းကြရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ညွှန်ကြားထားသည်ဟု သိရသည်။
(၂)နှစ် ကျော်ကြာပိတ်ထားခဲ့သော အာရှလမ်းသစ်ပြန်လည်ဖွင့်လှစ်ပြီးနောက် ခရီးသည်ပို့ဆောင်ရေး Expess ကားကြီးအချို့သာ စိမ်းလဲ့မြိုင်ကားဝင်းကြီးမှ စတင်ပြေးဆွဲ နေသော်လည်း ယာဉ်လိုင်းအများစုမှာ မြို့တွင်းမှသာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်နေကြည့်အတွက် လာမည့် ဇွန်လ (၁) ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းကြရမည်ဟု မြဝတီမြို့နယ်၊စည်ပင်သာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးကပြောသည်။
"ဒေသအခြေအနေအရ အဝေးပြေးကားဂိတ်က ကားကြီးတွေ၊ကားလေးတွေ မြို့ထဲမှာပြေးဆွဲနေတာတွေ့ရပါတယ်။ကားဂိတ်တွေကိုစည်းနဲ့ကမ်းနဲ့ ညီညွတ်အောင်၊လုံခြုံရေးကိစ္စတွေလည်းကြီးကြပ်လို့ရအောင်၊မြို့ရဲ့အဂ်ါရပ်နဲ့လည်း ညီအောင် လာမယ့် (၁ ရက် ၆လ )ရက်နေ့နောက်ဆုံးထားပြီးတော့ အားလုံး ဝင်ရောက်ကြဖို့၊အဖွဲ့စုံ နဲ့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။မြို့တွင်းမှာကားဂိတ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေပါတယ်။မြို့မှာရှိတဲ့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီးတော့ ဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့အတူ မြို့တွင်းမှာဖွင့်လှစ်ထားတဲ့ ကားဂိတ်တွေအားလုံး မူလ ဖွင့်လှစ်ခဲ့တဲ့ "စိမ်းလဲ့မြိုင်"ကား ဂိတ်ဝင်းသို့ ပြန်လည်ရွှေ့ပြောင်းဖို့ ကျွန်တော့်အနေနဲ့မေတ္တာရပ်ခံပါတယ်" ဟုပြောကြားခဲ့သည်။
စိမ်းလဲ့ မြိုင်အဝေးပြေးကားဝင်းသို့ရောက်ရှိလာသော ခရီးသည်များ ဒုက္ခ မရောက်အောင် ဒေသအုပ်ချုပ်ရေးအဖွဲ့ နှင့် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ပြည်သူအတွက်အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
အဝေးပြေးကားဂိတ်များအား လုံး "စိမ်းလဲ့မြိုင်" အဝေးပြေး ကားဂိတ်သို့ ပြောင်းရွေ့ရမည်ဖြစ်သေည်လည်း မြို့တွင်း ၌ ကားလက်မှတ် အရောင်းဌာန ဖွင့်လှစ်ကာ လက်မှတ်ရောင်းပြီး ခရီးသည်များအား ကြို / ပို့ လုပ်ဆောင်ပေး၍ ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အဝေးပြေး ကားဂိတ်များ ပြောင်းရွှေ့ရန်ကိုလည်း ကြိုတင်စာထုတ် အသိပေးထားပြီးဖြစ်သလို အကယ်၍ သတ်မှတ်ထားသော ရက်အတွင်း ပြောင်းရွှေ့ခြင်း မပြုပါက သတိပေးစာများ ထုတ်ပြန်သွားမည်ဖြစ်ပြီး ထပ်မံ လိုက်နာခြင်း မရှိပါက ပို့ဆောင်ဆက်သွယ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဟုလည်း ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက Elevem Media သို့ ပြောဆိုခဲ့သည်။















