လောလောလတ်လတ်အပြန်အလှန်တိုက်ခိုက်မှုများကအပစ်အခတ်ရပ်စဲရေးကိုဒုက္ခပေးနိုင်သောကြောင့်အစ္စရေးနှင့်အီရန်တို့ ပစ်ခတ်မှုများကို ချက်ချင်းရပ်ကြရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်းဆိုသည်။
အစ္စရေးနှင့်အီရန်တို့သည်လပေါင်းများစွာအတွင်း အဆိုးရွားဆုံး အပြန်အလှန်တိုက်ခိုက်မှုများကိုလုပ်ဆောင်လျက်ရှိကြသည်။ အစ္စရေး၀န်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက လက်တုံ့ပြန်ခြင်းမပြုရန်နှင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယခင်တုန်းကပြောကြားခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။
တိုက်ခိုက်မှုများကသံတမန်ရေးကြိုးပမ်းမှုများကိုခြိမ်းခြောက်လျက်ရှိသည်ဟုထရန့်က ပြောကြားခဲ့သည်ဟုဆိုသည်။
နေတန်ယာဟုက အီရန်ကို လက်တုံ့ပြန်ခြင်းမပြုရန် အမေရိကန်သမ္မတက ပြောကြားကြောင်း အမည်မဖော်လိုသူအမေရိကန်တာ၀န်ရှိသူက ပြောကြားသည်။
မြေပြင်အခြေအနေတွင်မူ အစ္စရေးက အီရန်၏လောလောလတ်လတ်တိုက်ခိုက်မှုများကို ခုခံကာကွယ်နေသည်ဟုဆိုသည်။ အီရန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့ပြီးနောက် အီရန်နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးက ပြောသည်။
ဘေရွတ်ကို အစ္စရေး၏တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု အီရန်က ပြောသည်။
ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပြီးနောက်ပိုင်း ဇွန် ၈ ရက်တွင် အီရန်နှင့် အစ္စရေးတို့ ပထမဆုံးအကြိမ်အပြန်အလှန်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
■ Ref: CNN















