ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ပြီး မိမိရပ်ရွာအေးချမ်းရန် ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ပြီး မိမိရပ်ရွာအေးချမ်းရန် ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ပြောကြား
Published 30 June 2026

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ပြီး မိမိရပ်ရွာအေးချမ်းရန် ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ ရက်တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရဆရာတော်များနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အဓိကဖြစ်ကြောင်း၊ မိမိရပ်ရွာအေးချမ်းရန် ဝိုင်းဝန်းထိန်းသိမ်းပေးကြ ရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက်  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပပြုလုပ်ရာ မြို့မိမြို့ဖဥက္ကဋ္ဌနှင့် မြို့မိမြို့ဖအဖွဲ့ဝင်များမှ လိုအပ်ချက်များအား အသီးသီးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးမှာ ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပြီး တီးတိန်မြို့အား လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် 300 KVA ဒီဇယ်ဓါတ်အား ပေးစက်ရုံကိုကြည့်ရှုခဲ့ကြောင်း၊ တီးတိန်မြို့အား ဇာလွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW (၂)လုံးမှ 240 KWနှင့်  300 KVA ဒီဇယ်ဓါတ်အားပေးစက်ရုံမှ 180 KW တို့ဖြင့် လျှပ်စစ်ဓါတ်အားကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent