■ စစ်ကိုင်းတိုင်း ချောင်းဦး-ရေစကြိုကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာ၌ ဝင်ရောက်နေသော PDF များကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်
စစ်ကိုင်းတိုင်း ချောင်းဦး-ရေစကြိုကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာ၌ ဝင်ရောက်နေသော PDF များကို တပ်မတော်စစ်ကြောင်းများက ဇွန် ၉ ရက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ငါးလုံးတင်ကျေးရွာတွင်ဝင်ရောက်ကာ စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချနေထိုင်လျက်ရှိသော PDF များအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် တိုက်ခိုက်ချေမှုန်းရန်အတွက် ချောင်းဦးမြို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ဇွန် ၅ ရက်မှစတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၆ ရက်တွင် PDFများ ယာယီစိုးမိုးထားသော မှန်ချိုကျေးရွာအားလည်းကောင်း၊ ဇွန် ၈ ရက်တွင် ဂူကြီးဘုန်းကြီးကျောင်းနှင့် ဆင်မြေကျေးရွာတို့အားလည်းကောင်း၊ ဇွန် ၉ ရက် နေ့လယ်ပိုင်းတွင် ငါးလုံးတင်ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်အားလည်းကောင်း အသီးသီး ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး PDF များသည် ထွက်ပြေးသွားကြောင်းနှင့် PDFများထံမှ အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊ လက်လုပ် Fixed Wing ၁ စင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။















