ဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ အစ်ဝစ်ချ်အသင်း ခန့်အပ်

ဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ အစ်ဝစ်ချ်အသင်း ခန့်အပ်
Photo: X
Photo: X
Published 24 June 2026

ပရီးမီးယားလိဂ်တန်းတက်ကလပ် အစ်ဝစ်ချ်အသင်းဟာ စထရာဘိုးနည်းပြ ဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

အစ်ဝစ်ချ်အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ မက်ကန်နာက မိသားစုအကြောင်းပြချက်နဲ့ လမ်းခွဲသွားခဲ့တာကြောင့် အစ်ဝစ်ချန်အသင်းက ဂယ်ရီအိုနေးလ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဂယ်ရီအိုနေးလ်(၄၃ နှစ်)က ဘုန်းမောက်နဲ့ ဝုလ်ဗ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး စထရာဘိုးအသင်းကို ၂၀၂၆ ဇန်နဝါရီမှာမှ စတင်ကိုင်တွယ်ခဲ့တာပါ။ 

စထရာဘိုးအသင်းကို ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ပို့ဆောင်ပေးနိုင်တာကြောင့် အစ်ဝစ်ချ်အသင်းက မျက်စိကျခဲ့တာဖြစ်ပြီး အသင်းရဲ့ (၂၀)ဦးမြောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

''ဒီလိုဘောလုံးအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရတာ ကျွန်တော့်အတွက် ဆုလာဘ်တစ်ခုပါပဲ။ ဘယ်လိုစိန်ခေါ်မှုကို ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော် သိထားသလို၊ ဒီအတွက် စိတ်လှုပ်ရှားမှုလည်း ဖြစ်မိပါတယ်'' လို့ ဂယ်ရီအိုနေးလ်က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent