PSG နည်းပြ အန်နရီကေးက ပါရီ FC နဲ့ပွဲမှာ (၂၇)မိနစ်သာ ကစားပြီး လူစားလဲခံခဲ့ရတဲ့ ပြင်သစ်တိုုက်စစ်မှူး ဒမ်ဘီလီရဲ့ ဒဏ်ရာက ပြင်းထန်မယ်လို့မထင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ PSG အသင်းအတွက် (၃၉)ပွဲကစားကာ (၁၉)ဂိုးသွင်းယူထားတဲ့ ဒမ်ဘီလီဟာ ကြွက်သားဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပြီး အရန်ခုံမှာ မထိုင်တော့ဘဲ အဝတ်လဲခန်းထဲ တိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။
PSG အသင်းက မေ(၃၀)မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရတော့မှာဖြစ်သလို၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ကလည်း နီးကပ်လာပြီဖြစ်တာကြောင့် ဒမ်ဘီလီရဲ့ ဒဏ်ရာအခြေအနေကို ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမဲ့ အသင်းနဲ့ နီးစပ်သူတွေကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နည်းပြ အန်နရီကေးကလည်း ''ပွဲပန်းရုံလောက်ပဲလို့ ထင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပြောနေတာကတော့ ခန့်မှန်းချက်ပါပဲ။ ဒါပေမဲ့ ဒါက မပြင်းထန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နှစ်ပတ်ကျန်နေပါသေးတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီထက် ပွဲကစားရချိန်တွေ အများကြီး လျော့ကျခဲ့ပေမဲ့ ပြင်သစ်လီဂူးအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီရဲ့ဒဏ်ရာ ပြင်းထန်မယ်လို့မထင်ကြောင်း အန်နရီကေး ပြောကြား
Most Read
Most Recent
4 hours ago















