ဥရောပထိပ်သီးလိဂ်(၄)ခုမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ကန်ဆယ်လို မှတ်တမ်းဝင်

ဥရောပထိပ်သီးလိဂ်(၄)ခုမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ကန်ဆယ်လို မှတ်တမ်းဝင်
Photo: X
Photo: X
Published 11 May 2026

ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုဟာ ဥရောပထိပ်သီးလိဂ်(၄)ခုမှာ အမှတ်ပေးချန်ပီယံဆု ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ကန်ဆယ်လို(၃၁ နှစ်)ဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် ထူးခြားတဲ့မှတ်တမ်း ပိုင်ဆိုင်သွားခဲ့တာပါ။

ကန်ဆယ်လိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေချန်ပီယံဆု၊ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆု၊ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ဘာစီလိုနာအသင်းမှာ ပထမတစ်ကြိမ် အငှားလာရောက်ကစားစဉ်က လာလီဂါချန်ပီယံဆု ရယူနိုင်ခြင်းမရှိပေမဲ့ ဒီရာသီမှာ ရယူနိုင်ခဲ့တာပါ။

ကန်ဆယ်လိုက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

Most Read

Most Recent