အနာဂတ်အတွက် အချိန်ယူစဉ်းစားမယ်လို့ စကာလိုနီ ပြောကြား

အနာဂတ်အတွက် အချိန်ယူစဉ်းစားမယ်လို့ စကာလိုနီ ပြောကြား
Photo: X
Photo: X
Published 20 July 2026

အာဂျင်တီးနားနည်းပြ စကာလိုနီက အနာဂတ်အတွက် အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ နှစ်ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ စကာလိုနီဟာ လာမယ့် ဒီဇင်ဘာလမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

ဒါကြောင့် ဒီဇင်ဘာလနောက်ပိုင်း အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်းနဲ့ အချိန်ယူစဉ်းစားသွားမှာဖြစ်ကြောင်း ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

''ကျွန်တော် ဥက္ကဋ္ဌနဲ့ စကားပြောမှာပါ။ ကျွန်တော် ဘာလုပ်ချင်လဲဆိုတာ စိတ်ကူးရှိပါတယ်။ စဉ်းစားဖို့ အချိန်တော့ လိုပါတယ်။ ကျွန်တော့်ကို ဒီနေရာမှာ အခုလိုအခွင့်အရေးပေးခဲ့တဲ့အတွက် ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။ ဒါဟာ အားလုံးအိပ်မက်မက်ကြတဲ့ နေရာတစ်ခုပါ'' လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။

စကာလိုနီက အခုလိုပြောကြားချိန်မှာ မျက်ရည်ကျခဲ့ပြီး သတင်းစာရှင်းလင်းပွဲကနေ ထွက်ခွာသွားခဲ့ကြောင်းလည်း သိရပါတယ်။

စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးခဲ့သလို၊ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ချန်ပီယံဆု နှစ်ကြိမ်ရယူပေးခဲ့ပါတယ်။

Most Read

Most Recent