မန်ယူအသင်းဟာ အက်စတွန်ဗီလာကွင်းလယ်ကစားသမား တီလေမန်းစ်ကို ခေါ်ယူခဲ့ပြီး ကစားသမား(၃)ဦးကို နှစ်ရက်အတွင်း ဆက်တိုက်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား အန်ဒရေဆန်းတို့စ်ကို ဇူလိုင်(၁၃)မှာ ခေါ်ယူခဲ့ပြီး လိဒ်စ်အသင်းက ဝေးလ်စ်ဂိုးသမား ဒါလိုးနဲ့ အက်စတွန်ဗီလာအသင်းက ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား တီလေမန်းစ်တို့ကို ဇူလိုင်(၁၄)မှာ ခေါ်ယူခဲ့တာပါ။
မန်ယူအသင်းက အန်ဒရေဆန်းတို့စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၈)သန်းနဲ့ Add-ons ကြေး ပေါင်(၂)သန်းပေးခဲ့ရပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဒါလိုးက လိဒ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တာကြောင့် မန်ယူအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူပြီး (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
တီလေမန်းစ်ကိုတော့ မန်ယူအသင်းက စာချုပ်လျော်ကြေး ပေါင်(၃၅)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်က တီလေမန်းစ်ဟာ ပြီးခဲ့တဲ့ (၇)နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အတည်ငြိမ်ဆုံးခြေစွမ်းနဲ့ ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















