ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုက မိမိနဲ့ ထိုက်တန်မှုမရှိဘဲ ဂါနာကစားသမားတစ်ယောက်သာ ရရှိသင့်တယ်လို့ ဘယ်လင်ဂမ် ပြောကြား

ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုက မိမိနဲ့ ထိုက်တန်မှုမရှိဘဲ ဂါနာကစားသမားတစ်ယောက်သာ ရရှိသင့်တယ်လို့ ဘယ်လင်ဂမ် ပြောကြား
Photo: X
Photo: X
Published 24 June 2026

အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်က ဂါနာနဲ့ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို မိမိမရရှိသင့်ဘဲ ဂါနာကစားသမားတစ်ယောက်သာ ရရှိသင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ အင်္ဂလန်နဲ့ ဂါနာတို့ ဂိုးမရှိသရေကျခဲ့ပြီး အင်္ဂလန်အသင်းက တိုက်စစ်အခွင့်အရေးများစွာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာကြောင့် ဘယ်လင်ဂမ် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဘယ်လင်ဂမ်က ''ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုနဲ့ ကျွန်တော် မထိုက်တန်ပါဘူး။ ကျွန်တော့်အမြင်အရတော့ ဂါနာကစားသမားတစ်ယောက်ယောက်ပဲ ရသင့်တယ်ထင်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းက ခရိုအေးရှားကို (၄-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲတုန်းကတော့ အကောင်းဆုံးကစားသမားဆုကို (၂)ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းက ရရှိခဲ့ကြောင်း သိရပါတယ်။

အချက်အလက်မှတ်တမ်းတွေအရ ဘယ်လင်ဂမ်ဟာ ဂါနာနဲ့ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ကစားသမား မဟုတ်ခဲ့သလို၊ ပြိုင်ဘက်ကစားသမား ဂျော်ဒန်အယူးနဲ့ စကားပြောရာမှာ ပါးစပ်ကို လက်နဲ့ကွယ်ခဲ့ခြင်းအတွက် ဝေဖန်ထောက်ပြမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါးစပ်ကို ဖုံးကွယ်ပြီး ပြိုင်ဘက်နဲ့ စကားပြောတဲ့ကစားသမား အနီကတ်ပြခံရမယ်လို့ စည်းမျဉ်းထုတ်ထားတာကြောင့်ပါ။

အဲဒီစည်းမျဉ်းအတိုင်း ပါရာဂွေးကစားသမား အယ်လ်မီရွန်ကို အနီကတ်ပြ အရေးယူခဲ့ပေမဲ့ ဘယ်လင်ဂမ် အရေးယူမခံရခြင်းအတွက် ဖီဖာကို ဝေဖန်နေကြခြင်းဖြစ်ပါတယ်။

 

Most Read

Most Recent