ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးအသင်းက စပိန်နောက်ခံလူ ကူကူရယ်လာကို ပေါင်(၅၁.၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ကူကူရယ်လာအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၇.၅)သန်းနဲ့ Add-ons ကြေး ပေါင်(၄.၃)သန်း ပေးချေရမှာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကူကူရယ်လာ (၂၇ နှစ်)ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် မရရှိတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ကူကူရယ်လာကို ၂၀၂၂ နွေရာသီမှာ ဘရိုက်တန်အသင်းကနေ ပေါင်(၆၃)သန်းနဲ့ ခေါ်ယူထားခဲ့တာပါ။
ကူကူရယ်လာကို ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ကလည်း ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ကြပေမဲ့ ရီးယဲလ်အသင်းက လက်ဦးမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ကူကူရယ်လာကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
ရီးယဲလ်အသင်းက မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ထားသလို၊ ကိုနာတေး၊ ဒမ်ဖရိုင်းစ်၊ ဘာနာဒိုဆေးလ်ဗားတို့ကို သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းလည်း သတင်းထွက်နေပါတယ်။















