သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရ မအိမ့်ချစ်သူ မိသားစု ကောင်းမှုကုသိုလ် ပြုလုပ်

သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရ မအိမ့်ချစ်သူ မိသားစု ကောင်းမှုကုသိုလ် ပြုလုပ်
Published 14 June 2026

သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရ မအိမ့်ချစ်သူ မိသားစု သည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်ရှိ အေးမြဂရုဏာ ဓမ္မရိပ်သာ စာသင်တိုက်တွင် ဇွန်လ ၁၄ ရက်၌ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရ မအိမ့်ချစ်သူ သည် သူမ ရရှိခဲ့သော ဆုငွေထဲမှ စေတီတော် တည်ဆောက်ရန် သိန်း ၁၀၀ ကျပ် လှူဒါန်းခဲ့ကာ ၊ ဆရာတော် သံဃာတော်များ၊ မိဘ ဆရာသမား တို့ကို အလှူဒါန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အေးမြဂရုဏာ ဓမ္မရိပ်သာ စာသင်တိုက်တွင် ကျောင်းထိုင်ဆရာတော် တည်ထားကိုးကွယ်မည့် စေတီတော် တည်ဆောက်နိုင်ရန်အတွက် အလှူငွေ သိန်း ၁၀၀ ကျပ် လှူဒါန်းခြင်း၊ ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ၊ ဓမ္မစကူး ကျောင်းသား ကျောင်းသူ ကလေးငယ်များအား အာဟာရ ဒါန လှူဒါန်းခြင်း ကုသိုလ်ပွဲ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာ သမီး ရရှိထားတဲ့ ဆုငွေလေးနဲ့ ကောင်းမှု ကုသိုလ်ပြုလုပ်တာပဲ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ဆိုရင် အနန္တော၊ အနန္တ ငါးပါး ကို ပူဇော် ကန်တော့တာပဲ ဖြစ်ပါတယ်။ ပထမ ဦးဆုံး အေးမြဂရုဏာ ကျောင်းတိုက်မှာ တည်ထားပူဇော်မယ့် ကိန်းဝယ်စံပယ်တော်မူမယ့် အနန္တဇိန ရုပ်ပွားတော် မှာ အရင်ဆုံး အလှူငွေ သိန်း ၁၀၀ ကျပ်ကို လှူဒါန်းပါတယ်။ ဓမ္မဒါန အမျှအတန်းပေးဝေတယ်။ တရားနာတယ်။ ဒီမှာ ဓမ္မစကူး တက်တဲ့ ကျောင်းသားကျောင်းသူလေးတွေကို အာဟာရဒါန လေးလည်း ပြုလုပ်ဖြစ်ပါတယ်။ ပြီးရင် မိဘ နှစ်ပါးကို ကျေးဇူးအနည်းငယ် ဆပ်တဲ့အနေနဲ့ ကန်တော့ ပါတယ်။ ဆရာသမားတွေကိုလည်း ပူဇော်ကန်တော့ ဖြစ်ပါတယ်”ဟု မအိမ့်ချစ်သူက ပြောသည်။

ဒီနေ့ သုတစုံလင် ဗုဒ္ဓဝင်မှာ ပထမဆုကို ရရှိခဲ့သော သမီးလေး မအိမ့်ချစ်သူ ရဲ့ လှူဒါန်းမှု အစုစု ကို သူ့ ရည်ရွယ်ချက်အတိုင်းပေါ့ ။ ဘုန်းဘုန်း ဘုရား တည်မယ့် အထဲမှာ လှူဒါန်းချင်တယ်။ သူ့ရဲ့ ရရှိတဲ့ ဆုငွေထဲကနေ အလှူငွေ သိန်း ၁၀၀ လှူဒါန်းပေးတယ်။ မိဘ နဲ့ ဆရာသမားတွေကို လှူနိုင်သလောက် ကျေးဇူး ဆပ်ပေးတာပေါ့။ အေးမြဂရုဏာကျောင်းတိုက်မှာ ရှိသော ရဟန်းသံဃာတွေ ကိုလည်း ဆွမ်းဆပ်ကပ်လှူဒါန်းတယ်။ ဧည့်ပရိသတ်တွေကိုလည်း အာဟာရ ကျွေးမွေးတယ်။ အေးမြဂရုဏာ ဓမ္မစကူးမှာ ဓမ္မစာပေများကို လာရောက်သင်ကြားနေသော သားငယ် သမီးငယ် အားလုံး ကိုလည်း အာဟာရ လှူဒါန်းတဲ့ ကုသိုလ်ပွဲလေး ပေါ့”ဟု ဆရာလေး ဒေါ်ကေသရဉာဏီ က ပြောသည်။

Most Read

Most Recent