လီဗာပူးလ်နဲ့ နှုတ်ဆက်ချိန်မှာ ငိုခဲ့တာက တစ်ဘဝလုံး ငိုခဲ့တာထက် ပိုမိုများပြားလိမ့်မယ်လို့ ဆာလာ ပြောကြား

လီဗာပူးလ်နဲ့ နှုတ်ဆက်ချိန်မှာ ငိုခဲ့တာက တစ်ဘဝလုံး ငိုခဲ့တာထက် ပိုမိုများပြားလိမ့်မယ်လို့ ဆာလာ ပြောကြား
Photo: X
Photo: X
Published 25 May 2026

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာက အသင်းနဲ့ နှုတ်ဆက်ချိန်မှာ ငိုခဲ့တာက တစ်ဘဝလုံးငိုခဲ့တာထက် ပိုမိုများပြားလိမ့်မယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ အီဂျစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းကို ၂၀၁၇ နွေရာသီကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး (၉)နှစ်အကြာမှာ လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄၂)ပွဲကစားပြီး (၂၅၇)ဂိုး သွင်းယူခဲ့တဲ့ ဆာလာက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာပါ။

''တစ်ဘဝလုံး ငိုခဲ့တာထက် အခုငိုတာက ပိုများလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ခံစားလွယ်တဲ့ ယောကျာ်းတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာ ငယ်ငယ်ကတည်းက နေထိုင်ခဲ့ပြီး အစကနေ အဆုံးအထိ အရာရာတိုင်းကို မျှဝေခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီအသင်းကို နေရာမှန်ဆီ ပြန်ပို့ခဲ့ပါတယ်။ ရောဘတ်ဆန်ကလည်း သူ့မှာရှိသမျှအားလုံးကို ဒီကွင်းထဲမှာ ပေးဆပ်ခဲ့တာပါ။ သူနဲ့အတူ အဝတ်လဲခန်းတစ်ခုကို မျှဝေသုံးစွဲခဲ့ရတဲ့အတွက်လည်း ကျွန်တော် တကယ်ဂုဏ်ယူပါတယ်'' လို့ ဆာလာက ပြောကြားခဲ့ပါတယ်။

စကော့တလန်နောက်ခံလူ ရောဘတ်ဆန်ကလည်း ဆာလာနဲ့အတူ ၂၀၁၇ နွေရာသီမှာ လီဗာပူူးလ်ကို ရောက်ရှိခဲ့သူဖြစ်ပြီး အခုနွေရာသီမှာ အတူလမ်းခွဲခဲ့ကြတာပါ။

Most Read

Most Recent