မွန်ပြည်နယ်အတွင်း လူသေဆုံးမှုတွေအထိ ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ

မွန်ပြည်နယ်အတွင်း လူသေဆုံးမှုတွေအထိ ဖြစ်ပွားခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ
Published 10 November 2024

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်  အတွင်းက သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်ငါးဖမ်းစက်လှေများနဲ့ ကျားဖောင်များမှာ ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့တယ်လို့ ကျိုက္ခမီဒေသခံ တွေထံမှ သိရပါတယ်။

စက်တင်ဘာ  ၁၀ ရက်အထိကို ငါးဖမ်းလှေလေးစင်းမှ လှေလုပ်သားတစ်ဦးစီနဲ့ စုစုပေါင်း လေးဦးသေဆုံးခဲ့ပြီး ပင်လယ်ပြင်ထဲ မှာပဲ သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ကျိုက္ခမီ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအပြင်ကို ပင်လယ်ထဲက ရေလုပ် သားအများအပြား ကျိုက္ခမီမြို့ ပြည်သူ့ဆေး ရုံမှာ ဆေးကုသမှုခံယူနေကြရတဲ့အပြင်ကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကိုပါ ပို့ ဆောင်ထားရတဲ့ လူနာတွေရှိပါတယ်” လို့ ၎င်းဒေသခံက ဆက်ပြောပါတယ်။

အဲဒီအပြင် ကျိုက္ခမီမြို့ပေါ်ရှိတဲ့ စား သောက်ဆိုင်တွေ၊ ထမင်းဆိုင်တွေ အပါအဝင် အစားအစာတွေရောင်းချတဲ့ စျေးဆိုင်တွေကို လည်း ယာယီပိတ်ထားဖို့ ကျိုက္ခမီမြို့အုပ်ချုပ် ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။

ကျိုက္ခမီပင်လယ်ပြင်မှာရှိတဲ့ ငါးဖမ်းစက် လှေတွေနဲ့ ကျားဖောင်တွေမှာရှိကြတဲ့ ရေလုပ် သားများအတွက် ပို့ဆောင်ပေးတဲ့ အစားအ စာနဲ့ သောက်သုံးရေတွေ မသန့်ရှင်းမှုတွေ ရှိခဲ့သလို ရေလုပ်သားတွေအနေနဲ့ကလည်း မသန့်ရှင်းတဲ့ ရေနဲ့ ရေခဲရေတွေကို သောက် သုံးမိရာကနေ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူး စက်ဖြစ်ပွားခဲ့တာလို့ အဲဒီအခြေအနေနဲ့ ပတ် သက်လို့ သံဖြူဇရပ်မြို့နယ်ကျန်းမာရေးဌာန နဲ့ နီးစပ်သူတစ်ဦးရဲ့ သုံးသပ်ပြောကြားချက် အရ သိရပါတယ်။

“အဓိက သောက်ရေ မသန့်ရှင်းတာနဲ့၊ ဖမ်းမိတဲ့ငါးတွေကို ရေခဲရိုက်ဖို့အတွက်ကို ကဲ့လှေတွေနဲ့ ယူဆောင်သွားတဲ့ ရေခဲတွေကို အသုံးပြုမိလို့ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားနေတာလို့ သုံးသပ်ထားပါတယ်။ လောလောဆယ်မှာတော့ ကျိုက္ခမီမြို့မှ ဝမ်း ပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုလျှော့ ချနိုင်ဖို့အတွက်ကိုလည်း အသိပညာပေးတာ၊ အစားအသောက်တွေ ရောင်းချနေတာမျိုးကို ရက်ပိတ်ထားတာမျိုး လုပ်ဆောင်နေပါတယ်” လို့ ၎င်းင်းက ဆိုပါတယ်။

တစ်ဖက်မှာလည်း ကျိုက္ခမီမြို့ အောင် သုခရပ်ကွက်၊ အောင်ပင်လယ်ရပ်ကွက်နဲ့ မြ မာလာကျေးရွာများအတွင်းမှာ ဝမ်းပျက်ဝမ်း လျှောရောဂါ ပိုမိုဖြစ်ပွားမှု မရှိစေရေးနဲ့ ကြို တင်ကာကွယ်နိုင်ရေးအတွက်ကို ကျန်းမာရေး ဝန်ထမ်းတွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ကျိုက္ခမီမြို့ခံပြည်သူတွေ အတူပူးပေါင်းကာ ကလိုရင်းဆေးများဝေငှခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာတော့ ဝမ်းပျက် ဝမ်းလျှောရောဂါခံစားနေရတဲ့ ရေလုပ်သား နှစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ အဲဒီအပြင်ကို ရေလုပ်သား ၁၅ ဦးခန့်မှာ ကျိုက္ခမီမြို့ ပြည် သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ် သလို ရေလုပ်သား ၈၀ ကျော်ကိုလည်း စောင့် ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

          ထို့အပြင်ကို သံဖြူဇရပ်မြို့နယ်ပြည်သူ့ ဆေးရုံမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရတဲ့လူနာတချို့ ဆေးကုသမှုခံယူ နေကြရတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

          အလားတူ စက်တင်ဘာ ၁၇ ရက်မှာ လည်း သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်းမှာ ငါးဖမ်းပြီးနောက် ရေး မြို့နယ် အစင်စံပြကျေးရွာမှာရှိတဲ့ ဓမင်းဆိပ် အပိုင်းသို့ ပြန်ဝင်လာတဲ့ ငါးဖမ်းစက်လှေ တစ်စင်းပေါ်က ရေလုပ်သားတချို့မှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

          “ကျိုက္ခမီပင်လယ်ပြင်က လှေလုပ်သား တွေ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ကြတော့ ငါးဖမ်းလှေတွေက ကျိုက္ခမီမှာ ကပ်လို့မရကြ ဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ညနေပိုင်းမှာ ငါးဖမ်းလှေတစ်စင်းက ကျိုက္ခမီ ကို လှေဝင်ခွင့်မရလို့ အစင်ကျေးရွာဘက်က ဓမင်းဆိပ်ကနေ လှေဝင်လာပြီးတော့ ကမ်း ပေါ်တက်လာကြတာ။ အဲဒီလှေမှာက လှေ သား လေးဦးက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် နေကြတယ်။ အဲဒီထဲကမှ တစ်ဦးက ညနေ ၅ နာရီလောက်မှာ ဆုံးသွားတယ်။ ကျန်တဲ့ သုံးဦးကိုတော့ ရေးခရိုင်ပြည်သူ့ဆေးရုံကို တင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါ တယ်။

          ဒါ့အပြင် အဆိုပါ ငါးဖမ်းလှေဝင်ရောက် လာတဲ့အပိုင်းကိုလည်း အသွားအလာကန့် သတ်ထားပြီး သက်ဆိုင်ရာကျန်းမာရေးဌာန က စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင် ထားကြောင်း ၎င်းင်းဒေသခံက ဆိုပါတယ်။

          ထိုအခြေအနေများကြောင့် သံဖြူဇရပ် မြို့နယ် ကျိုက္ခမီမြို့မှာရှိတဲ့ ရေလုပ်သားတွေ အပါအဝင် မြို့ခံပြည်သူတွေကို အောက်တို ဘာ ၈ ရက်ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Oral Cholera Vaccine -OCV) ရောဂါကြို တင်ကာကွယ်ဆေး တိုက်ကျွေးမှုများကို သက် ဆိုင်ရာဌာနများ၊ ကျိုက္ခမီမြို့ပေါ်ရှိ အသင်း အဖွဲ့များ ပူးပေါင်းပြီး လုပ်ဆောင်နေကြတယ် လို့ သံဖြူဇရပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတွေထံမှ သိရပါတယ်။

ကျိုက္ခမီမြို့ခံပြည်သူတွေ၊ ရေလုပ်သား တွေအပါအဝင် လူဦးရေ ၂၀၀၀၀ နီးပါးကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (Oral Cholera Vaccine -OCV) ရောဂါကြိုတင်ကာကွယ် ဆေးတိုက်ကျွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာ တချို့မှာရှိကြတဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား ခဲ့တဲ့ လူနာတွေနဲ့ ထိစပ်သူ ၁ဝဝဝဝခန့်ကို လည်း ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးမှု တွေ လုပ်ဆောင်ခဲ့ပါတယ်။

          ဒါ့အပြင်ကို ရေးမြို့နယ် အစင်ကျေးရွာနဲ့ မုဒုံမြို့နယ်အတွင်းရှိတဲ့ ကျေးရွာတချို့မှာ လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု တွေရှိခဲ့လို့ ထိုဒေသများမှာနေထိုင်ကြတဲ့ ဒေ သခံတွေ၊ ရေလုပ်သားတွေကိုလည်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ((Oral Cholera Vaccine -OCV) ရောဂါကြိုတင်ကာကွယ်ဆေး တိုက် ကျွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါ တယ်။

          ထိုအခြေအနေတွေကြောင့်လည်း သံဖြူ ဇရပ်၊ ရေးနဲ့ မုဒုံအစရှိတဲ့ မြို့နယ်တွေမှာ ဝမ်း ပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု တစ်ခန်းရပ် ခဲ့တယ်လို့ ဆိုရမှာပါ။

          ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မှ စတင်ပြီး မွန်ပြည်နယ်  ပေါင်မြို့နယ် အလှပ် ကျေးရွာနဲ့ ဝဲပတန်ကျေးရွာအတွင်းမှာနေထိုင် ကြတဲ့ ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြတဲ့ ရေလုပ်သားတချို့ ဝမ်းပျက် ဝမ်းလျှောရောဂါ ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။

          အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက် အထိ လူနာ ၄၂ ဦးရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာ လူနာကိုးဦး၊ အောက်တိုဘာ ၃၀ ရက်မှာ လူနာကိုးဦး၊ အောက်တိုဘာ ၃၁ ရက် မှာ လူနာ ၁၂ ဦးနဲ့ နိုဝင်ဘာ ၁ ရက် နံနက်ပိုင်း အထိ လူနာလေးဦး အလှပ်တိုက်နယ်ဆေးရုံ နဲ့ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံတွေမှာ တက် ရောက် ဆေးကုသမှုခံယူခဲ့ကြရတဲ့အပြင် မော် လမြိုင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးမှာလည်း ဆေးကုသမှုခံယူနေကြရသူတွေရှိနေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ် သူတစ်ဦးရဲ့ ပြောကြားချက်တွေအရ သိရပါ တယ်။

          ပေါင်မြို့နယ် အလှပ်၊ ဝဲပတန် အစအရှိ တဲ့ ကျေးရွာများအတွင်း ဖြစ်ပွားနေတဲ့ ဝမ်း ပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်လို့ လူနာ တွေထံမှ ဆီး၊ သွေး စသဖြင့် နမူနာရယူပြီး ရန် ကုန်မြို့မှာရှိတဲ့ အမျိုးသားဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်တွေအရ မသန့် ရှင်းတဲ့ သောက်သုံးရေနဲ့ မသန့်ရှင်းတဲ့ အစား အစာများ စားသောက်မိရာမှတစ်ဆင့် ဝမ်း ပျက်ဝမ်းလျှော ဖြစ်ပွားနေခြင်းဖြစ်ကြောင်းကို မှတ်ချက်ပြုထားကြောင်းလည်း မြို့နယ်ကျန်း မာရေး ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဆိုပါ တယ်။

          ပင်လယ်ကမ်းစပ်ဒေသမှာ တည်ရှိတဲ့ အလှပ်ကျေးရွာနဲ့ ဝဲပတန်ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ရေလုပ်သားများနဲ့ မိသားစုများ အနေနဲ့က အများအားဖြင့် ပင်လယ်ကမ်းစပ် နေရာမှာသာ နေထိုင်ကြသူများဖြစ်ကြောင်းနဲ့  ထိုအခြေအနေများကြောင့် ယင်လုံအိမ်သာ အသုံးပြုနိုင်ခြင်းမရှိကြောင်း ဒေသခံများရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

          ဒေသခံတစ်ဦးက “ကမ်းခြေပိုင်းတွေ မှာလည်း ငါးခြောက်ငါးခြမ်း လှမ်းတာမျိုး တွေရှိတော့ ယင်ကောင်တွေ အရမ်းများတယ်။ သောက်ရေဆိုရင်လည်း မိုးရေကိုပဲ ခံပြီးသုံး ကြရတာမျိုးတွေရှိတယ်။ ရေကန်တွေထဲက ရေတွေကိုပဲ သောက်သုံးနေကြရတယ်။ အဲဒီ အခြေအနေတွေကြောင့်လည်း ဝမ်းပျက်ဝမ်း လျှောရောဂါတွေဖြစ်နေကြတာလို့ ယူဆရပါ တယ်” လို့ ပြောပါတယ်။

          ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့တဲ့  အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာအပြင် ကျား ဘိုကျေးရွာတွေအတွင်းမှာရှိတဲ့ ရေတွင်းရေ ကန်တွေကိုလည်း ကရိုရင်းဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်းနဲ့ အသိပညာပေးလုပ်ငန်းတွေ ကို ကျန်းမာရေးဌာနနဲ့အတူ ကြက်ခြေနီအ သင်း၊ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့ တွေ ပူးပေါင်းကာ နေ့စဉ်လုပ်ဆောင်ပေးနေ တဲ့အတွက်ကြောင့် ထိုဒေသအတွင်းမှာ နိုဝင် ဘာလ ဒုတိယပတ်ကစလို့ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားသူတွေ ထပ်မရှိတော့ဘူးလို့ ကြားသိရပါတယ်။

          ဒါ့အပြင်ကို ဒေသခံပြည်သူတွေအနေနဲ့ ကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိနဲ့အတူ မိမိနေထိုင်ရာနေအိမ်၊ ပတ်ဝန်း ကျင်ကို သန့်ရှင်းအောင်ပြုလုပ်ခြင်း၊ ယင်လုံ အိမ်သာအသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် ခြင်းတွေကို လုပ်ဆောင်သင့်တယ်လို့ အကြံပြု လိုပါတယ်။

          အဲဒါမှလည်း မိမိကိုယ်တိုင်ရော၊ မိမိရဲ့ မိသားစုရော၊ မိမိရဲ့ပတ်ဝန်းကျင်ပါ ကျန်းမာ ပျော်ရွှင်တဲ့ဘဝမျိုးတွေ ပိုင်ဆိုင်ကြရမှာဖြစ် ပါတယ်။

Most Read

Most Recent