မြန်မာအပါအဝင် အရှေ့တောင်အာရှတွင် ကလေးငယ် ခြောက်သန်းနီးပါး ဘေးဒုက္ခခံစားခဲ့ရသည့် တိုင်ဖွန်းရာဂိ

မြန်မာအပါအဝင် အရှေ့တောင်အာရှတွင် ကလေးငယ် ခြောက်သန်းနီးပါး ဘေးဒုက္ခခံစားခဲ့ရသည့် တိုင်ဖွန်းရာဂိ
ကလောနှင့် ရွှေညောင် အနီးတစ်ဝိုက် ရေကြီးနစ်မြုပ်မှုကို ၂၀၂၄ ခုနှစ်  စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန် ))
ကလောနှင့် ရွှေညောင် အနီးတစ်ဝိုက် ရေကြီးနစ်မြုပ်မှုကို ၂၀၂၄ ခုနှစ်  စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန် ))
Published 22 September 2024
ဇော်မင်းနိုင်

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂိကြောင့် အရှေ့တောင်အာရှဒေသတွင် ကလေးငယ်ခြောက်သန်းနီးပါး ထိခိုက် ခံစားခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ကလေးသူ ငယ်ဆိုင်ရာအေဂျင်စီ UNICEF က ထုတ် ပြန်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က အရှေ့တောင်အာရှဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းရာဂိကြောင့် ဗီယက်နမ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ် ခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် ထိုင်း၌  တိုင်ဖွန်းရာဂိနှင့်ဆက်နွှယ်သည့် သေဆုံးသူသုံး ဦးရှိခဲ့သဖြင့် တိုင်ဖွန်းရာဂိကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ ဦးအထိရှိလာကာ ဒေသတွင်း အသေအပျောက်စာရင်း ၅၃၇ ဦးအထိ ရှိလာ ခဲ့သည်။

ထို့ပြင် ရာဂိမုန်တိုင်းကြောင့် ကလေးသူ ငယ် ခြောက်သန်းခန့် ဘေးဒုက္ခခံစားခဲ့ရပြီး  သန့်ရှင်းသည့် သောက်သုံးရေ၊ ပညာကြား သင်ကြားမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အ စားအစာနှင့် ခိုလှုံနေထိုင်စရာနေရာများ ရှား ပါးပြတ်လပ်နေကြောင်း UNICEF က ထုတ် ပြန်ခဲ့သည်။

“တိုင်ဖွန်းရာဂိကြောင့် ထိခိုက်ပျက်စီးမှု တွေရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်အား အနည်းဆုံးကလေးတွေနဲ့ မိသားစုတွေက အခံစားရဆုံးဖြစ်ပါတယ်” ဟု UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန် ကြားရေးမှူး ဂျွန် ကူနူဂီက ပြောကြားသည်။

ဗီယက်နမ်တွင် သန့်ရှင်းသည့် သောက် သုံးရေပြတ်လပ်နေပြီး မိလ္လာ စနစ်များ ထိခိုက်မှုကြောင့် လူပေါင်းသုံးသန်းခန့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု unicef က ပြောကြားခဲ့သည်။

ရာဂိအရှိန်က မြန်မာကို ဘယ်လောက်အထိ  ရိုက်ခတ်ခဲ့သလဲ

တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်းအရှေ့ပိုင်းနှင့် တောင်ပိုင်း တိုင်းဒေသ ကြီး/ပြည်နယ်များရှိ ၆၅ မြို့နယ်တွင် နေရပ် စွန့်ခွာသူများ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇၀၀၀ ခန့် ဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ ကြား တိုက်ပွဲများ သုံးနှစ်ကျော်ကြာဖြစ်ပွား နေမှုကြောင့် အကျပ်အတည်းများနှင့် ရုန်း ကန်နေရပြီး ရာဂိမုန်တိုင်းသည် မြန်မာနိုင်ငံ တွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ကာ ယခင်ကတည်းက လျစ် လျူရှုခံထားရသည့် လူအုပ်စုများကို ပိုမိုဆိုး ရွားသည့် အကျပ်အတည်းအတွင်းသို့ ကျ ဆင်းစေခဲ့သည်ဟု UNICEF ကပြောကြား ခဲ့သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကလည်း ယခုသီတင်းပတ် အတွင်း မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပြီး လူပေါင်းငါးသိန်းကျော်အ တွက် တစ်လစာ အရေးပေါ်စားနပ်ရိက္ခာများ ပေးပို့လျက်ရှိသည်ဟု သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီ အထိ ကောက်ယူရရှိသော စာ ရင်းများအရ သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံး သူ ၇၇ ဦး ရှိပြီး တိရစ္ဆာန်မျိုးစုံ တစ်သိန်းနှစ် သောင်းကျော် သေဆုံးကာ စိုက်ဧက ခြောက် သိန်းကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့ နယ် ၅၆ မြို့နယ်တွင် လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ် မြုပ်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေးကယ် ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ ဦးတို့ကို တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန် နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ် ပြန်ထားသည်။

“ဒီတစ်ခါဖြစ်တာကတော့ တစ်ခါမှ မကြုံဖူးဘူး။ ကလေးငယ်လေးတွေ သေဆုံး တာတွေလည်းရှိတယ်” ဟု ရေဘေးသင့်ဒဏ် ကို အပြင်းထန်ဆုံးခံစားခဲ့ရသည့် ရမည်းသင်း မြို့နယ် သပြေပင်ကျေးရွာဒေသခံ ကိုသိန်း လွင်က ပြောကြားသည်။

သပြေပင်ကျေးရွာသားတစ်ဦးဖြစ်သည့် ကိုသိန်းလွင်၏ ပြောဆိုချက်အရ အဆိုပါ ကျေးရွာတွင် နေထိုင်သူများအနက် အချို့မှာ ရေဘေးတွင် မိသားစုလိုက် အသက်ဆုံးရှုံးခြင်း များရှိခဲ့သည်ဟု သိရသည်။

“မိသားစုလိုက်ဆုံးသွားတာတွေက တစ် နှစ်ကျော် ကလေးလေးဆိုရင် မိသားစုလိုက် ဆုံးပါးသွားတာ။ ရေကြီးမြေပြိုတာတွေဖြစ်ပြီး မနက်ပိုင်းကျတော့ လူတွေလိုက်ရှာကြတာ။ အဲဒီမှာ ကလေးက ဟိုဆွဲဒီဆွဲ ဆွဲနေတော့ လူတွေက မြင်လိုက်တာ။ လူတွေက သွားဖော် လိုက်တော့ သူ့အဖေက လက်နဲ့ရင်ဘတ်ကို ထောက်ထားတာ။ အဖေက အပေါ်ကနေ သူ့ခန္ဓာကိုယ်နဲ့ ကာထားတာ။ အောက်မှာက ကလေးလေး။ အပြင်ကို ထုတ်လိုက်တော့ ကလေးလေးလည်း အခြေအနေမကောင်း ဘူး။ တစ်ညလုံး မိုးရေထဲမှာ နေနေရတော့ ကယ်ပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားတယ်။ သူ့အမေကတော့ ရေနဲ့ပါသွားတာ အခုအထိ မတွေ့သေးဘူး။ အဲဒါက သားအမိ၊ သားအဖ သုံးယောက်စလုံးပေါ့။ ပြီးတော့ သူ့အစ်မတစ် ယောက်ရှိတယ်။ ဆံပင်က တံကောက်လောက် ရှိတယ်။ သူလည်းပါသွားတယ်။ တချို့က ဆံပင်နဲ့ငြိပြီး ကျန်နေတယ်ပြောလို့ သွားကြည့် တော့လည်း မဟုတ်ဘူး။ တချို့မိသားစုတွေ ဆို တစ်ယောက်လောက်ပဲကျန်တယ်။ ကင်း ရွာဘက်မှာတော့ ကလေးလေးတစ်ယောက် ကို ကယ်လိုက်နိုင်တယ်။ အဲဒီကလေးတောင် ပါးစပ်တွေ၊ နှာခေါင်းတွေက သဲတွေရွှံ့တွေ ကို မနည်းပြန်ထုတ်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့အခေါ် ထိုက်စံရပ်ကွက်ပေါ့။ အဲဒါကျတော့ မိသားစုရှစ်ယောက်ပေါ့။ ရေ လည်းလာရော ကမ်းပါးယံ ဖက်တက်တာ။ ဖက်တက်တဲ့ ကမ်းပါးယံ ပြိုကျပြီးတော့ ရှစ် ယောက်စလုံး သေသွားတယ်။ ကျွန်တော်တို့ မပြောနဲ့။ အဲဒီနားက ရွာဘက်တွေမှာနေတဲ့ သက်ကြီးရွယ်အိုတွေ ပြောတာတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူးလို့ပြောတယ်” ဟုကိုသိန်း လွင်က ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် မြေပြိုမှုများဖြစ်ပွား ကာ အသက်ဆုံးရှုံးရခြင်းများဖြစ်သည်ဟု သိ ရသည်။

“မိုးကလည်း အရမ်းကြီး သည်းတာ မဟုတ်ဘူး။ အဲဒီနေ့ စွေနေတာ။ စွေနေရင်းနဲ့ မှ တောင်တွေက ပြိုတော့ ချောင်းတွေဘာတွေ ပိတ်ရော။ မနိုင်တဲ့အခါကျမှ ဝေါခနဲ ထိုးကျ လာတဲ့သဘောပေါ့” ဟု ကိုသိန်းလွင်က ယင်း အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြားသည်။

အလားတူ တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ် ပွားခဲ့ပြီး လူဦးရေ ဆယ်နှင့်ချီသေဆုံးခဲ့သည် ဟုလည်း ကလောမြို့ခံများက ပြောကြား သည်။

“ဒီနေ့အထိ ၁၂ လောင်းတွေ့ပါတယ်။ ၁၁ လောင်းကတော့ ကျွန်တော်တို့ သင်္ဂြိုဟ်ပြီး သွားပြီ။ တစ်ယောက်ကတော့ မသင်္ဂြိုဟ်ရ သေးပါဘူး။ ကလေးက နှစ်ယောက်ပေါ့။ ရှစ် နှစ်တစ်ယောက်၊ ၁၈ နှစ် တစ်ယောက်ပါ တယ်။ အခုဟာက  မိသားစုလိုက် ဖြစ်တာများ တယ်။ ရပ်ကွက် (၃) က အများဆုံးပဲ။ အိမ်လိုက် ကျွတ်ပါသွားတာပေါ့။ အဖေတစ်ယောက်ပဲ ကျန်တယ်။ အမေနဲ့ သားတစ်ယောက်ဆုံး သွားတာရှိတယ်” ဟု ကလောမြို့ခံ လူမှုကူညီ ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောကြား သည်။

ကလောမြို့တွင် ထိခိုက်မှုအများဆုံး ခံစားခဲ့ရသည့်နေရာများမှာ ရပ်ကွက် ၂၊ ၃၊ ၄ တို့ဖြစ်ကြောင်း၊ သေဆုံးမှုများနှင့်ပတ် သက်ပြီး လူမှုကွန်ရက်စာမျက်နှာအချို့တွင် မမှန်သတင်းများ တက်နေသဖြင့် ဖြေရှင်းနေ ရကြောင်း အဆိုပါ ကလောမြို့ခံက ပြောကြား သည်။

မုန်တိုင်းရာဂိ၏ အရှိန်ကို မြန်မာနိုင်ငံ အနေဖြင့် ရိုက်ခတ်မှုဒဏ် အနည်းဆုံးခံစား ခဲ့ရသော်လည်း ထိခိုက်မှုများ အခြားသောအ ရှေ့တောင်အာရှနိုင်ငံများထက် ပိုမိုခံစားခဲ့ ရသည်ကိုလည်း တွေ့ရသည်။

သေဆုံးသူများတွင် ကလေးငယ်များ လည်းပါဝင်ခဲ့သည်ကို တွေ့ရပြီး လူမှန်းသိစ အရွယ်တွင် ရေကြီးမှုဒဏ်ကို မျက်ဝါးထင် ထင်မြင်တွေ့ခဲ့ရပြီး ကျန်ရှိသည့် ကလေးငယ် များအတွက်လည်း အကူအညီများပေးရန် လိုအပ်နေသည်။

“ ကူညီရေးသွားတဲ့ ရွာတွေက ကလေး တွေတွေ့တိုင်းမုန့်တွေ အလုံအလောက် ကျွေး ပါတယ်။သူတို့ ပျော်သွားကြတာကြည့်ပြီးအပူ တောထဲ အေးမြရတယ်” ဟု ရေဘေးကူညီမှု များလုပ်ကိုင်လျက်ရှိသည့် ကိုစိုးထိုက် (ဖဒို) က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေး သားထားသည်။

 

Most Read

Most Recent