အမေရိကန် မီဒီယာကုမ္ပဏီ Netflix သည် မိုက်တိုင်ဆန် - ဂျိတ်ပေါလ်ပွဲမှ နည်းပညာပိုင်းအားနည်းချက်အတွက် တရားစွဲခံထားရကြောင်း သိရသည်။
Netflix သည် နိုဝင်ဘာ(၁၅)ရက်နေ့က ထိုးသတ်ခဲ့သည့် မိုက်တိုင်ဆန်နှင့် ဂျိတ်ပေါလ်တို့၏ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာတွင် ပရိသတ်ကြည့်ရှုမှု စံချိန်တင်ခဲ့သည်။
ယင်းပွဲကို Netflix မှ တိုက်ရိုက်ကြည့်ရှုသည့် ပရိသတ် (၆၅)သန်းရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ စုစုပေါင်းကြည့်ရှုသည့် ပရိသတ်အရေအတွက်မှာ (၁၀၈)သန်းရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အောင်မြင်မှုရရှိသည့် ရုပ်သံထုတ်လွှင့်မှုတစ်ခု ဖြစ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်အချို့ ရှိခဲ့သဖြင့် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလက်ဝှေ့ပွဲအား ထုတ်လွှင့်ပြသနေစဉ်ကာလအတွင်း ပရိသတ်များစွာ ကြည့်ရှုမရသည့်အခြေအနေ ဖြစ်ပေါ်ခဲ့သည့်အတွက် တရားစွဲခံရခြင်းဖြစ်ပြီး ပရိသတ်အချို့က အဆိုးရွားဆုံး ရုပ်သံထုတ်လွှင့်မှုဟု ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။
ယခုဖြစ်ရပ်အတွက် Netflix အနေဖြင့် ဒေါ်လာ သန်း(၅၀)ကျော် လျော်ကြေးပေးရဖွယ်ရှိကြောင်း သိရသည်။