မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်း တစ်ခုအတွင်း အမျိုးသားတစ်ဦး ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှုဖြစ်ပွား

မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်း တစ်ခုအတွင်း အမျိုးသားတစ်ဦး ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှုဖြစ်ပွား
Published 21 November 2024
■ အောင်သူငြိမ်း

မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ ဆေးခန်းတစ်ခုအတွင်း ဝင်ရောက်၍ ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်မကြီးတစ်ဦး သေဆုံးမှု နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ကဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

 မကွေးမြို့ ပြည်တော်သာလမ်းနှင့် ဆေးရုံလမ်းထောင့်အနီး ဆေးရုံလမ်း၏ အနောက်ဘက်ရှိ စိမ်း ဆေးခန်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထို ဆေးခန်းအတွင်းသို့ အသက် ၂၉ နှစ်ခန့်ဟု ခန့်မှန်းရသည့် အမျိုးသား တစ်ဦးက ဝင်ရောက်၍ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်မကြီး ဒေါက်တာ မို့မို့စိမ်းအား ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"  ဆရာမကြီးက ဆေးခန်းထဲက ပြေးထွက်လာပြီး ကယ်ကြပါဦး လို့ အော်တဲ့အချိန်မှာ လည်ပင်းက သွေးတွေ အတော်ထွက်နေပါပြီ။ လက်တစ်ဖက်က ဗ်ိုက်ကိုလည်း ဖိထားတော့ ဗိုက်ကိုလည်း ထ်ိခိုက်ထားတယ် ထင်ပါတယ်။ တိုက်ခိုက်တဲ့ ကောင်လေးက ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ သူ့ ဆိုင်ကယ်ကို သော့ဖွင့်ဖို့လုပ်ပြီးမှ ခြေလျင်ထွက်ပြေးတော့ အနီးဝန်းကျင်ကလူတွေ လိုက်ဖမ်းပြီး ဖမ်းမိခဲ့တာပါ" ဟု အခင်းဖြစ် ဆေးခန်းအနီးမှ တွေ့မြင်လိုက်ရသူ တစ်ဦးက ပြောကြားသည်။

 အခင်းဖြစ်ပြီးနောက် ဓားဖြင့်တ်ိုက်ခိုက်ခဲ့သည့် လူငယ်သည် ပြည်တော်သာလမ်း၏ ဝဲဘက် ရွာသစ်ရပ် ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လမ်းကြားငယ်အတွင်းသို့ ထွက်ပြေးခဲ့စဉ် အနီးဝန်းကျင်မှ လူများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်း ယင်းလူငယ်အား ၎င်း၏ ဆိုင်ကယ်နှင့်အတူ မကွေးမြို့ မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

 

Most Read

Most Recent