မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီး စဉ်သစ်အား အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့များတွင် ATR 72-600 လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ အဆိုပါခရီးစဉ်သစ်အား တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့မှ ပုသိမ် မြို့သို့ နံနက် ၆နာရီ ၃၀ မိနစ်တွင် စတင်ထွက် ခွာမည်ဖြစ်ပြီး နံနက် ၇ နာရီ ၁၀ မိနစ်တွင် ပုသိမ်မြို့သို့ ရောက်ရှိ မည်ဖြစ်သည်။
ပုသိမ် မြို့မှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ညောင် ဦး မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး၊ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ညောင်ဦး မြို့သို့ရောက်ရှိမည် ဖြစ် သည်။ ညောင်ဦးမြို့မှ မန္တလေးမြို့သို့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး နံနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
တနင်္လာနေ့တွင် မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၃ နာရီတွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ ၃ နာရီ ၃၅မိနစ်တွင်လည်းကောင်း၊ ညောင် ဦးမှ ညနေ ၃နာရီ မိနစ် ၅၀တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၅နာရီ ၃၅မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ ၅နာရီ မိနစ် ၅၀တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ် သတ်မှတ်ထားသော ဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ကျပ် ၁၆၀၀၀၀၊ ပုသိမ်မှ ညောင်ဦးသို့ ကျပ်၂၈၀၀၀၀၊ မန္တလေး မှ ညောင်ဦးသို့ ကျပ် ၂၀၀၀၀၀၊ ရန်ကုန်မှ ညောင်ဦး ၂၉၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ဝန်ဆောင်မှုများအနေဖြင့် Baggage Allowance,7kg Hand Carry Allowance,Meal or Snake box များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်ပခရီးစဉ်တစ်ခုဖြစ်သည့် ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ATR 72-600 လေယာဉ် ဖြင့်ပျံသန်းနေပြီး ခရီးစဉ်တစ် ကြောင်းစာ အား ကျပ် ၇၀၀၀၀၀ ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း သည် ရန်ကုန်-ချင်းမိုင်-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့်တနင်္ဂနွေနေ့များတွင် ပျံသန်းနေခြင်းဖြစ်သည်။ လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန်မှချင်းမိုင်သို့ အသွား တစ်ကြောင်းစာလေယာဉ် လက်မှတ်အနေဖြင့် ၇၀၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ATR 72-600 Aircraftဖြင့် ပျံ သန်းမည့် ခရီးစဉ်များအတွက် Baggage Allowance 20 kg,7 kg Hand Carry Allowance 7 kg သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများအား ပြည်တွင်းပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးနေရာ စင်ကာပူနိုင်ငံမှလှူဒါန်းသည့် အ၀တ်ထည်နှင့်ကယ်ဆယ်ရေးပစ္စည်းများကို စက်တင်ဘာ၁၄၊ ၁၅၊ ၁၆ ရက်များတွင် အခမဲ့သယ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။