ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ

ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
photo: AFP
photo: AFP
Published 14 November 2024

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာ ကျောက်တန်းတွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့ပြီး ယင်းသည် အရောင်အသွေးစုံလင်ပြီး ကြီးမားသည့် သက်ရှိသန္တာကောင်အသိုက်အအုံတစ်ခုကို ရှာဖွေတွေ့ရှိမှုဖြစ်သည်။

အဆိုပါ သန္တာကျောက်တန်းသည် အလွန်ကြီးမားပြီး  ဆော်လမွန်ကျွန်း၏ ကြည်လင်သည့်ရေ အောက်တွင်တည်ရှိကာ သိပ္ပံပညာရှင်များက ထိုသန္တာကျောက်တန်းကို ကြီးမားသည့် သင်္ဘောအပျက်တစ်စီးအဖြစ် အစောပိုင်းက တွေးထင်ခဲ့ကြသည်။

“ကမ္ဘာပေါ်မှာ စူးစမ်းလေ့လာစရာဘာမှ မကျန်တော့ဘူးလို့ ကျွန်တော်တို့ တွေးတောနေချိန်မှာပဲ အရောင်အ သွေးစုံလင်ပြီး ကြီးမားတဲ့ သက်ရှိသန္တာကျောက်တန်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု အဏ္ဏဝါဂေဟဗေဒပညာရှင် အန်းနရစ် ဆာလာက ပြောကြားခဲ့သည်။ ထိုသန္တာအစုအဖွဲ့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ခန့်က ကြီး ထွားလာခဲ့ခြင်းဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။

ယခုတွေ့ရှိသည့် သန္တာကျောက်တန်းသည် အကျယ် ၃၄ မီတာ (၁၁၁ ပေ)နှင့် အရှည် ၃၂ မီတာ (၁၀၄ ပေ)ရှိပြီး ယခင်ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းအဖြစ် စံချိန်တင်ထားသည့် အမေရိကန်ဆာ မိုအာကျွန်းရှိ Big Momma  အမည်ရှိ သန္တာ ကျောက်တန်းထက် သုံးဆခန့်ပိုမိုကြီးမားကြောင်း သုတေသီများက ပြောကြားခဲ့သည်။

 

Ref: AFP

Most Read

Most Recent