■ ကယားပြည်နယ်ရှိ ၃၃ ကေဗွီ ရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘယ်ဝိုင်ယာကြိုးများ ဖျက်ဆီးခိုးယူခံရ

■ ကယားပြည်နယ်ရှိ ၃၃ ကေဗွီ ရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘယ်ဝိုင်ယာကြိုးများ ဖျက်ဆီးခိုးယူခံရ
Published 8 November 2024

ကယားပြည်နယ်ရှိ ၃၃ ကေဗွီရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်း နှင့် ဆွိယာဒ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ်ပစ္စည်းများနှင့် ကေဘယ်ဝိုင် ယာ ကြိုးများ ဖျက်ဆီးခိုးယူခံရကြောင်း သိရ သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ကယားပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့် အ တူ နိုဝင်ဘာ ၃ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့သို့ရောက်ရှိပြီး သောင်းကျန်းသူ များကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ပြည် နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်ရန် လိုအပ် မှုနှင့် ၃၃ ကေဗွီရွာတန်းရှည်ဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ် အ တွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားလွှတ် ပစ္စည်း များနှင့် ကေဘလ်ဝိုင်ယာကြိုးများ ဖျက်ဆီးခိုးယူခံခဲ့ရမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ယင်းနောက် ၃၃ ကေဗွီ ဧက (၅၀၀) ဓာတ်အားခွဲရုံတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဓာတ်အားပုံမှန်ပြန်လည်ရရှိရေးအတွက် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ကြရန်၊ လျှပ်စစ်အန္တရာယ်မရှိ စေရေး စစ်ဆေးဆောင်ရွက်သွားရန်၊ ဝန်ထမ်း များအားလုံး လုံခြုံရေးအသိ၊ သတိဖြင့် နေ ထိုင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ် သည်များ ပြောကြားခဲ့သည်။

ဆက်လက်၍ ၁၃၂ ကေဗွီ လွိုင်ကော် ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဆွိယာဒ် အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ ထိခိုက် ပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ အချိန်မီပြီးစီး၍ ဓာတ်အား ပြန်လည် လက်ခံပို့လွှတ်နိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လောပိတရှိ ဘီလူးချောင်း ဓာတ်အားပေး စက်ရုံသို့သွယ်တန်းထားသည့် ရေသွယ် မြောင်း ကို ရေနည်းရာသီတွင် ပြန်လည်ပြင် ဆင်ရေး၊ တောင်ကျရေများ ဓာတ်အားပေး စက်ရုံသို့ စီးဆင်းဝင်ရောက်မှုမဖြစ်ပေါ်စေ ရေး ယာယီရေထိန်းတမံပြုလုပ်ပြီး ရေလမ်းကြောင်းလွှဲထားမှုကိုဆက်လက်လုပ်ဆောင် သွားရမည့် အခြေအနေကို သွားရောက်ကြည့် ရှု စစ်ဆေးကာ ရေသွယ်မြောင်းကို ပွင့်လင်း ရာသီ တွင် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်၊ ယာယီမြေ ထိန်းတမံကို ရေရှည်ခိုင်ခံ့မှုရှိစေရေး သက် ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အမှတ်(၂) ဘီလူးချောင်း ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ စက် ရုံအတွင်း တောင်ကျရေစီးဆင်းဝင်ရောက်မှု များကြောင့် ဓာတ်အားပေးစက်များ၊ ဆွိယာဒ် အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် လျှပ် စစ်တာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေနှင့် ပြုပြင်နေမှုများကို လိုက်လံကြည့် ရှုအားပေးပြီး တာဝန်ရှိသူများနှင့် အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။