ညောင်ရွှေမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် မီတာများကို ဖြုတ်သိမ်း၍ စာရင်း ရေးသွင်း မှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ်စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးရန် လျှပ်စစ်ဒုတိယဝန်ကြီး ပြောကြား

ညောင်ရွှေမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သည့် မီတာများကို ဖြုတ်သိမ်း၍ စာရင်း ရေးသွင်း မှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ်စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးရန် လျှပ်စစ်ဒုတိယဝန်ကြီး ပြောကြား
Published 24 September 2024

ညောင်ရွှေမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့ သည့် မီတာများကို ဖြုတ်သိမ်း၍ စာရင်းရေး သွင်းမှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ် စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးရန် လျှပ် စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကျော်သည် ဌာနမှ တာဝန်ရှိသူ များနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ တီကျစ်ကျောက်မီး သွေးသုံးရေနွေးငွေ့ဓာတ်အား ပေးစက်ရုံ လည်ပတ်ဆောင်ရွက်နေမှု၊ ညောင်ရွှေမြို့ နယ် အင်းလေးဒေသ၌ ရေကြီးရေလျှံမှုများ ကြောင့် ဓာတ်အားခွဲရုံများသို့ ရေဝင်ရောက်ခဲ့ မှု၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်း များ ရေနစ်မြုပ်ခဲ့မှု၊ ဓာတ်အားလိုင်းများ ယိုင် လဲပျက်စီးခဲ့မှုနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူ များ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ယာယီဓာတ်အားဖြတ်တောက်ထားရမှု အ ခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။

စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုးများအဆက်မပြတ်ရွာ သွန်းမှုကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသုံး နှင့် ဝန်ထမ်းအိမ်ရာသုံးရေရယူသည့် ဘီလူး ချောင်းရေပန့်ရုံ အဆောက်အအုံရေနစ်မြုပ် သဖြင့် စက်ရုံအရေးပေါ် ရပ်တန့်ထားရမှုနှင့် ရေနစ်မြုပ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများ၊ ရေစုပ်၊ ရေတွန်းမော်တာများနှင့် ထရန်စဖော်မာများ ကို ဆယ်တင်၍ အလုပ်ရုံ၌ ပြန်လည်ပြုပြင် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံ၏ ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိ သည့် ကျောက်မီးသွေးအခြောက်ခံစက်တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု နှင့် ဘီလူးချောင်းရေပန့်ရုံ အဆောက်အအုံ၌ ရေစုပ်ထုတ်ခြင်း၊ နုန်းများ ဖယ်ထုတ်ခြင်းများ ဆောင်ရွက်နေမှုနှင့် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ကျောက်မီးသွေးတူးဖော် ထုတ်လုပ် လျက်ရှိသည့် မိုင်းတွင်းမြေသားနံရံများ ပြိုကျ မှုဖြစ်ပေါ်ကာ တူးဖော်ပြီးကျောက်မီးသွေးများ အပေါ်သို့ မြေကြီးများ ဖုံးအုပ်ခဲ့မှုအခြေအ နေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် လျှပ် စစ် အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မီတာများ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ရေများကျ ဆင်း ပြီး မူလအခြေအနေသို့ ပြန်လည်ရောက် ရှိချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ အချိန်မီဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပစ္စည်းများ ကြိုတင်စစ်ဆေးစုဆောင်းထား ရှိရန်၊ ရေနစ်မြုပ်ခဲ့သည့် မီတာများကို စနစ်တကျ ပြန်လည်ဖြုတ်သိမ်း၍ စာရင်းရေးသွင်း မှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ် စစ်ဆေး ရေး ဌာနသို့ အမြန်ဆုံးပေးပို့စစ်ဆေးနိုင်ရေး ဆောင်ရွက်ရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ် အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းမှတ်တမ်းထားရှိရန်နှင့် ပြန် လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများ ကို စနစ်တကျပြန်လည်အသုံးပြုသွားရန် တို့ ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အင်းလေးဒေသရှိ ကျေးရွာများတွင် တပ်ဆင် တည်ဆောက်ထားသည့် ဓာတ်အားလိုင်း၊ ဓာတ်အားလွှတ်ပစ္စည်းများ၊ စီတီမီတာများနှင့် ၁၁/၀.၄ ကေဗွီထရန် စဖော်မာများ ရေနစ် မြုပ်နေမှုအခြေအနေကိုလည်းကောင်း၊ အင်း  လေးကန်ရေ မြင့်တက်လာမှုကြောင့် အင်း လေးဒေသရှိ ကျေးရွာများသို့ ဓာတ်အားဖြန့် ဖြူးပေးလျက် ရှိသည့် ၆၆ ကေဗွီခေါင်တိုင် ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်း အတွင်း ရေများဝင်ရောက်၍ လျှပ်စစ်အန္တ ရာယ် ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှုနှင့် ဓာတ်အားလွှတ် ပစ္စည်းများ  ဖြုတ်ယူစစ် ဆေးထားမှုအခြေ အနေများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent