မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ဦးစီးချုပ်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး 

မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ဦးစီးချုပ်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး 
Published 3 May 2024

မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ဦးစီးချုပ်များ ထိုင်းနိုင်ငံတွင် တွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာ-ထိုင်း လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီ ၃၀ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မေလ ၁ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အား ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်းသိရသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က ထိုင်းဘုရင့်လေတပ်၏ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုခြင်းကိုခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခြင်း၊  ထိုင်းဘုရင့်လေတပ်မတော်အား စတင် တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ပြီး နှစ်နိုင်ငံလေတပ် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ထိုင်းဘုရင့်လေတပ်ဌာနချုပ် Conference Room တွင် မြန်မာတပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အတူ ကာကွယ်ရေဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် Air War College သို့ သွားရောက်ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ခြင်း၊  Air War College ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊  Air War College  တာဝန်ရှိသူတစ်ဦးမှ Air War College ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ အပြန်အလှန်ဆွေးနွေးမှုများ၊ Academic ဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပလေ့လာရေးခရီးစဉ်များ၊ သင်တန်းသားအရည်အချင်း သတ်မှတ်ချက်များနှင့်ပတ်သက်၍  ရှင်းလင်းပြသမှုများအပေါ် ကြည့်ရှုလေ့လာ၍ အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏  National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ထို့နောက် မေလ ၂ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရှွေဆင်းတုတော် Wat Traimit Wittayaram Worawihan ဘုရား၊ ရှေးဟောင်း သမိုင်းဝင် အာရုဏ် Wat Arun ဘုရားနှင့်  ရှေးဟောင်းသမိုင်းဝင် လျောင်းတော်မူ ဝပ်ဖို  Wat Pho ဘုရားများသို့သွားရောက်ဖူးမြော်၍ တော်ဝင်ရေတပ်သင်္ဘော ပြတိုက် Royal Barge Museum တို့ကို လေ့လာကြည့်ရှုခဲ့ပြီး မေလ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

Most Read

Most Recent